အနုပညာကို စွန့်လွှတ်မှာ မဟုတ်ကြောင်း စုလှိုင်နှင်း ဖွင့်ဟ

သရုပ်ဆောင်စုလှိုင်နှင်းက ပရိသတ်နဲ့ ၅နှစ်ကြာ အလှမ်းဝေးခဲ့ ပြီး နောက်ပိုင်းမှာMRTV-4 ရုပ်သံ လိုင်းကနေ ထုတ်လွှင့်ပြသနေပြီဖြစ် တဲ့The Sign of Love Book 2 ဇာတ်လမ်းတွဲမှာ ပြန်လည်သရုပ် ဆောင်ထားတာကို တွေ့ရပါတယ်။ ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်ရှေ့ကို ပြန်လည်ရောက်လာခဲ့တဲ့ စုလှိုင်နှင်း ကို ဇာတ်လမ်းတွဲမှာ ရိုက်ကူးဖြစ်ခဲ့ရ တဲ့အတွေ့အကြုံခံစားချက်များနဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်ခဲ့ရာ “ဒီ ဇာတ်လမ်းတွဲက အောင်မြင်တဲ့ ဇာတ်လမ်းတွဲ။ ဒီမှာ ဝင့်ယမုံလှိုင်ရဲ့ ကျူတာဆရာ မနေရာကနေ သရုပ် ဆောင်ပေးဖို့ လာကမ်းလှမ်းတဲ့အချိန် မှာ တအားဝမ်းသာခဲ့တယ်။ ဒီဇာတ် လမ်းတွဲ ရိုက်ရတာကို ကြိုက်တယ်။ ရိုက်ကူးရက် ရက် ၄ဝပေးရတယ်။ ဗီဒီယိုတစ်ကားရိုက်ရတာနဲ့ မတူတဲ့ ခံစားချက်တစ်ခုက ကိုယ်အားနေတဲ့ အချိန်မှာလည်း အမြဲတမ်းတွေးနေရ တယ်။ ဒိုင်ယာလော့ခ်တွေ ကြိုပြီး ပေးထားတယ်။ နောက် ထပ်လည်း ဇာတ်လမ်းတွဲတွေထပ်ရိုက်ချင် တယ်” လို့ ပြောပြခဲ့ပါတယ်။ နယ်ပွဲ တွေကို သွားရောက်သီဆိုဖျော်ဖြေ နေရတဲ့အ တွက် ကားရိုက်လက် ခံမှုကျဲသွားရ တာဖြစ် ကြောင်း စုလှိုင် နှင်း က “အစ်မ က ကား ရိုက်မရှိ ရင်လည်း မရှိတော့ ပြန် ဘူး။လာငှားတဲ့ သူရှိပြန်တော့ လည်း ဇာတ်လမ်း တွဲ ရိုက်နေတာနဲ့ တိုက်နေတော့ မရိုက်ရပြန်ဘူး။ ငြင်းလိုက်ရတဲ့ကား ၃ကားလွတ်သွား တယ်။ဘာဖြစ်လို့ လဲဆိုတော့မင်းသားအားတဲ့အချိန်နဲ့ အစ်မကလည်းဇာတ်လမ်းတွဲ ရိုက် နေတဲ့အချိန်နဲ့တိုက်နေတော့ အဲဒီ လိုမျိုးဖြစ်နေတာ။အစ်မဒီက ဇာတ်လမ်းတွဲ မရိုက်ခင် အရင်တုန်း က သီချင်းတွေလိုက်ဆိုဖြစ်တယ်။ သီချင်းတွေဆိုရတော့ နယ်တွေ တောက်လျှောက်သွားရတယ်။ ဖုန်း နံပါတ်ကလည်း ပြောင်း ထားတော့ ကားရိုက်လာငှားတာတွေနဲ့ လွဲနေ တယ်။ ရန်ကုန်ကို ပြန်ရောက်တော့ လည်းကားရိုက်ဖို့ကတစ်ရက် နှစ်ရက်နဲ့မရတော့ အချိန်မပေးနိုင်ဘဲ ဖြစ်သွားတာ။အဲဒါနဲ့ အစ်မမှာ ကားရိုက်တွေ တအားကျဲသွားတာ။ နယ်ပွဲတွေကိုသွားရင် တစ်လနီးပါး လောက်ရှိတာ။ အဲဒီတော့ ကြားထဲမှာ တော်တော်ကိုကြာသွားတယ်။ ပရိ သတ်ကလည်း မရိုက်တော့ဘူးလို့ တောင် ထင်နေကြတာ။ အစ်မက အနုပညာကိုချစ်တယ်။ မြတ်နိုးတယ်၊ ဝါသနာလည်းပါတယ်။ အဲဒါကြောင့် အနုပညာတွေဆက် လုပ်သွားဦးမှာ ပါ။ ဆက်ပြီးလည်း အားပေးကြပါလို့ပြောချင်ပါတယ်။ဒီအနုပညာကို တအားလည်းချစ်တဲ့အတွက် မစွန့် လွှတ်ပါဘူး ရိုက်နေဦးမှာပါ” လို့ ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
ဓာတ်ပုံ-အောင်ဇော်မင်း
Source:Popular
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment