ထောင်ဒဏ်တစ်နှစ် ထပ်မံ ချမှတ်ခံရသည့် ရဲတိုတ်

သရုပ်ဆောင် ရဲတိုတ်ကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှ ပုဒ်မ ၂၉၅ အရ ထောင်ဒဏ် (၁) နှစ်၊ ပုဒ်မ (၂၉၅-က) အရ ထောင်ဒဏ် (၁)နှစ်စီ ကို တစ်ပေါင်း တည်း ကျ ခံစေရန် စက်တင်ဘာ (၁၈)ရက် မွန်းလွဲ (၂)နာရီက အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။
ယခုကဲ့သို့ ချမှတ်ခံ ရသည့် ပုဒ်မ ၂၉၅၊ ပုဒ်မ(၂၉၅-က) တို့၏ ပြစ်ဒဏ် များသည် ထောင်ဒဏ် (၂)နှစ် ဖြစ်သော်လည်း တရားလို ဘက်မှ ရုပ်သိမ်းလွှာတင် ထားခြင်းကြောင့် သာလျှော့ပေါ့သည့် အနေဖြင့် ပြစ်ဒဏ်ကို (၁)နှစ်သာ အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်တထောင် မြို့နယ် တရားသူကြီး ဦးဝင်းဖေခိုင် က ရှင်းပြ သည်။
ရဲတိုတ်သည် ၂၀၁၃ ခုနှစ် မေလ ကတည်းက အဆိုပါ အမှု အတွက် ရုံးတင်ရင်ဆိုင် ဖြေရှင်းခဲ့ ရခြင်းဖြစ်ပြီး စုစုပေါင်း ၁၆ လခန့် ကြာမြင့်ပြီး မှသာ ယခုကဲ့သို့ အမိန့်ချ မှတ်လိုက်ခြင်းဖြစ်သည်။
ရဲတိုတ်သည် ၂၀၁၃ ခုနှစ် မေလက ဗိုလ်တထောင်မြို့နယ် စိန့်မေရီ ကာသီဒြယ် ခရစ်ယာန် ဘုရားကျောင်း အတွင်း ခွင့်ပြုချက် မရှိဘဲ ဆန္ဒဖော်ထုတ် ခဲ့ရာမှ ဘုရားကျောင်း တာဝန်ရှိ သူများနှင့် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၄င်းတို့မှ ပုဒ်မ ၂၉၅၊ ပုဒ်မ ၂၉၅-က ဖြင့် တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် ရဲတိုတ်သည် ယခုနှစ် ဧပြီလ (၇) ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှု ပုဒ်မ ၁၆(ဂ) ဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၆)နှစ် ချမှတ် ခံရပြီးနောက် အယူခံ ပြန်ဝင်ရာ ထောင်ဒဏ် တစ်နှစ် လျှော့ပေါ့ပေးခဲ့သည့် အတွက် (၅)နှစ်သာ ချမှတ်ခြင်းခံခဲ့ရသည်။
ထက်လူ
Source:Popular
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment