iPhone 6 Plus ရဲ့ “Bend Gate” Feature အသစ်ကြောင့် သုံးစွဲသူတွေဟာ သူတို့ရဲ့ဖုန်း ကွေးကောက်သွားတယ်ဆိုပြီး ဒေါသထွက်

iPhone 6 Plus သုံးစွဲသူတွေဟာ iPhone ရဲ့ Feature အသစ်တစ်ခုဖြစ်တဲ့ “Bend Gate” ကြောင့် အံအားသင့်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထို Feature အရ iPhone 6 Plus ကို အချိန်တစ်ခုအထိ ကြာရှည်စွာ အိတ်ကပ်ထဲ ထည့်ထားတဲ့အခါမှာ ဖုန်းဟာ ကွေးလာတဲ့ အတွက်ပဲဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း Apple ရဲ့ CEO Tim Cook ကို gadget အသစ်တစ်ခုဖြစ်တဲ့ “Flexible Display” အတွက် ကျေးဇူးတင်နေကြပါတယ်။ အမှန်တကယ်ကတော့ ပါးလွှာတဲ့ကိုယ်ထည်နဲ့ အလူမီနီယံ သတ္တု ကို သုံးထားတဲ့အတွက် ဖုန်းဟာ ပုံစံပြောင်းနိုင်တာဖြစ်ပါတယ်။
iPhone 6 Plus သုံးစွဲသူတစ်ဦးဖြစ်တဲ့ hanzoh ဆိုသူက သူ့ရဲ့ iPhone 6 Plus ဟာ 18 နာရီခန့် အိတ်ကပ်ထဲ ထည့်ထားမိရာမှ ပြန်ကြည့်မိတဲ့အခါ မှာ အနည်းငယ်ကွေးသွား တယ်လို့ အခိုင်အမာ ဆိုထားပါတယ်။ ထိုကဲ့သို့ ဖုန်းဟာကွေးသွားတဲ့အတွက် ဒေါသထွက်နေတဲ့ iPhone 6 Plus သုံးစွဲသူ တွေဟာ တစ်နေ့တစ်ခြား များလာခဲ့တယ်လို့ MacRumours ရဲ့ဖော်ပြချက်အရ သိရပါတယ်။
လူမှုမီဒီယာတွေမှာတော့ iPhone 6 Plus ရဲ့ Bend Gate Feature ဟာ ကျယ်ပြန့်တဲ့ ဝေဖန်မှုတွေအလယ်ကို ရောက်နေပါပြီ။ သြစတြေးလျ ဟာ ကမ္ဘာ iPhone ဟန်းဆက်တွေကို အများဆုံး ၀ယ်ယူတဲ့ နိုင်ငံဖြစ်တဲ့အတွက် သြစတြေးလျ နိုင်ငံရဲ့ iPhone 6 Plus အပေါ် ဝေဖန်မှုကို ထပ်မံစောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref:dailymail.co.uk
Mario
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment