(၁၆) နှစ်အရွယ် ဘယ်လ်ဂျီယံကွင်းလယ်တိုက်စစ် ကစားသမား အင်ဒီဘိုနင်ကို မန် ယူအသင်းက ခေါ်ယူလိုက်သည်။
မန်စီးတီး၊ အာဆင်နယ်၊ ဖီ ယင်နုနှင့် ၀ုဖ်ဘတ်အသင်းများ တွင် သွားရောက်ခြေစွမ်းစမ်းသပ် ခံပြီးနောက် မန်ယူ၏ ကာရင်တန် လေ့ကျင့်ရေးကွင်း၌ သီတင်းပတ်အနည်းငယ်ကြာလာရောက်လေ့ ကျင့်ခဲ့သူ အင်ဒီဘိုနင်ကို မန်ယူက ခေါ်ယူလိုက်ခြင်းဖြစ်သည်။ မန်ယူအသင်းသည် (၁၃) နှစ်အရွယ် ၎င်း ၏ ညီဖြစ်သူ ဂိုးသမား ဆက်ပီကိုလည်း စိတ်ဝင်စားနေသည်။
၂၀၁၃ ဧပြီလက အင်ဒီ၏ အသင်းဟောင်း ဂျန့်နှင့် မန်ယူ အသင်း ချစ်ကြည်ရေးပွဲ ကစားစဉ် ဘယ်လ်ဂျီယံလူငယ်လက်ရွေးစင် ကို မန်ယူက သတိထားမိခဲ့ခြင်း ဖြစ်သည်။
‘‘ဒါဟာ အိပ်မက်တစ်ခုလို ပါပဲ။ လေ့ကျင့်ရေးလုပ်ချိန်တွေ က ခက်ခဲပါတယ်။ ဒါပေမဲ့ အခုမန်ယူနဲ့ လက်မှတ်ထိုးလိုက် ပြီဆိုတော့ မောပန်းတာကို မခံ စားရတော့ပါဘူး’’ဟု အင်ဒီဘိုနင်က ပြောသည်။
လတ်တလောတွင်မန်ယူ အရန်အသင်း၌ ကစားရမည့် ဘိုနင်မှာ မန်ယူရှိ အခြားဘယ်လ် ဂျီယံ ကစားသမားများဖြစ်သော ဖယ်လိုင်နီနှင့် ဂျာနူဇက်တို့၏ ခြေရာကိုနင်းနိုင်ရန် မျှော်လင့်ထား သည်။
—Ref: Daily Mail
Source:7daydaily.com

0 comments:
Post a Comment