Written by သီဟကိုကို

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း မီးပုံးပျံစီးနင်း နေသူများကို
တွေ့ရစဉ်။ (ဓာတ်ပုံ – ရဲမင်း၊ မဇ္ဈိမ) မီးပုံးပျံ ခရီးစဉ်များကို ပုဂံ၊
မန္တလေး၊ အင်းလေး ဒေသတို့တွင် ပျံသန်းလျက် ရှိသည်။
ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစား စီးနင်းသည့် မီးပုံးပျံ ခရီးစဉ်များမှ နိုင်ငံခြားဝင်ငွေ ကန်ဒေါ်လာ ခုနစ်သန်းကျော် ရရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း မီးပုံးပျံစီးနင်းနေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ – ရဲမင်း၊ မဇ္ဈိမ) မီးပုံးပျံ ခရီးစဉ်များကို ပုဂံ၊ မန္တလေး၊ အင်းလေး ဒေသတို့တွင် ပျံသန်းလျက် ရှိသည်။
၂ဝ၁၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစား လာရောက်မှု များပြားပြီး နောက်တွင် မီးပုံးပျံခရီးစဉ်များ လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေ တိုးတက်လာခဲ့ပြီး လက်ရှိတွင် မီးပုံပျံ လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီသုံးခုက မီးပုံးပျံ ၂၁ လုံးဖြင့် ခရီးစဉ်များ ပျံသန်းနေသည်။
၂ဝ၁၃ ခုနှစ်တွင် မီးပုံးပျံခရီးစဉ်များ လိုက်ပါစီးနင်းသည့် နိုင်ငံခြားသား ခရီးသွား ၁၁,ဝဝဝ ကျော်ရှိခဲ့ပြီး နိုင်ငံခြားဝင်ငွေ ကန်ဒေါ်လာ ၃ ဒသမ ၁ သန်း ရရှိခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် မီးပုံပျံခရီးစဉ် လိုက်ပါ စီးနင်း သည့် ခရီးသွား ၁၇,ဝဝဝ ကျော်ရှိလာခဲ့ပြီး ကန်ဒေါ်လာ ၄ ဒသမ ၂ သန်းရရှိခဲ့ ကာ နှစ်နှစ်အတွင်း နိုင်ငံ ခြားဝင်ငွေ ကန်ဒေါ်လာ ခုနစ်သန်းကျော် ရရှိခဲ့သည်။
မီးပုံးပျံခရီးစဉ်များကို ပုဂံ၊ မန္တလေး ဒေသများတွင် အဓိကပျံသန်းပေးနေပြီး ယခုနှစ် ခရီးသွားရာသီတွင် အင်းလေးဒေသသို့ပါ တိုးချဲ့ပျံသန်းပေးကာ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ တရုတ်၊ ကိုရီး ယားနိုင်ငံများမှ ခရီးသည်များ စီးနင်းမှုများ ပြားသည်။
မီးပုံးပျံခရီးစဉ်များကို ပုဂံဒေသတွင် တစ်ဦးလျှင် စီးနင်းခ ကန်ဒေါ်လာ ၂၅ဝ မှ ၃၈ဝ ဝန်းကျင်အထိ ဈေးနှုန်းများရှိပြီး ခရီးစဉ်ကြာချိန် ၄၅ မိနစ် ပျံသန်းပေးမည် ဖြစ်သည်။
Mizzima
0 comments:
Post a Comment