မျက်စိညောင်းညာ ခြင်းအတွက် သက်သာစေမယ့် နည်းလမ်းများ

Image and video hosting by TinyPic
မျက်စိညောင်းညာလာပြီဆိုရင် သူ့ရဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ မျက်စိယားယံခြင်း ဒါမှမဟုတ် မျက်လုံးများလှုပ်ရှားတဲ့အခါ နာကျင်ခြင်းတွေ စတာတွေ ခံစားရလာတတ်ပါတယ်။ မနက်စောစောစီးစီး အိပ်ယာ နိုးလာတဲ့အချိန်မှာ အဲဒီရောဂါလက္ခဏာတွေ ဘယ်တော့မှ မခံစားရပါဘူး။
ဒါပေမဲ့ နေ့အချိန် စာဖတ်များတဲ့အချိန်၊ ကွန်ပျူတာ သို့မဟုတ် အရွယ်အစားသေးငယ်တဲ့ အရာဝတ္ထုတွေကို မျက်စိနဲ့ အားစိုက် ကြည့်တဲ့ အခါတွေမှာ ခုနပြောထားတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။
အဲ့ဒီလိုအချိန်မျိုးတွေမှာ လုပ်ပေးရမယ့်အရာတွေက
(၁) မျက်စိမှိတ်ခြင်းနဲ့ အချိန်ခဏတာ အနည်းငယ် အနားယူပေးခြင်းအားဖြင့် မျက်လုံးကြွက်သားတွေကို အနားပေးပါ။
(၂) မျက်လုံးတွေကို ဟိုဘက်ဒီဘက်လှိမ့်ပေးခြင်း သို့မဟုတ် မျက်စိဖွင့်ချီပိတ်ချီ စက္ကန့်အနည်းငယ် ဖိညစ်ပြီး ပိတ်ထားပေးပါ။
(၃) ၁၅ – ၃၀ မိနစ်တိုင်း မျက်နှာအနေအထားပြောင်းပေးပါ။မျက်နာ ဦးတည်ရာ ပြောင်းကြည့်ပါ။ သို့မဟုတ် တစ်ဖက်လမ်းဆီသို့ ပြောင်းလဲကြည့်ရှုပါ။ ဒါမှမဟုတ် ကွန်ပျူတာကြည့်ရှုနေရာမှ မတ်တပ်ရပ်ပြီး ရေထသောက်ပါ။
(၄) စာတွေဖတ်တာမျိုး အထူးသဖြင့် အချိန်အကြာကြီး ကွန်ပျူတာကြည့်တတ်သူတွေရဲ့ မျက်လုံးတွေ ခြောက်ကပ်ကပ်ဖြစ်နေသလို ခံစားရတယ်ဆိုရင် သက်သာရာရလာအောင် မျက်စင်းခပ်ဆေးတွေ အသုံးပြုပါ။
(၅) မျက်စင်းခပ်ဆေးတွေအစား အရည်အသွေးမြင့် Omega 3,6,9 အဆီတွေနဲ့ နေ့စဉ်နဲ့အမျှအသုံးပြုနေတဲ့ သောက်သုံးရေ သန့်စင်တဲ့ပမာဏ ထည့်သွင်းစဉ်းစားပါ။ မျက်ရည်တွေကို ရေ၊အကျိအချွဲတွေကနေ ရရှိတာဖြစ်တဲ့အတွက် ရေကောင်းရေသန့်၊ အရည်အသွေးမြင့် ဆီတွေ ပိုသုံးပေးခြင်းဖြင့် မျက်စိကို စိုစွတ်စေမှာဖြစ်တယ်။
(၆) နေ့အချိန်မှာ သဘာဝနေရောင်ခြည်ကို ခဏတဖြုတ် အပြင်ဘက်ထွက်ပြီး ရယူဖို့ မမေ့ပါနဲ့။
(၇) မျက်လုံးလေ့ကျင့်ခန်းတွေပြုလုပ်ပေးပါ။ မျက်လုံးတွေကို ဘယ်၊ ညာ၊ အပေါ်နဲ့ အောက် ရနိုင်သမျှ ရွေ့လျားပေးပါက မျက်စိအဖွင့်၊ အပိတ် ပိုမိုလွယ်ကူစေပါလိမ့်မယ်။
Source : Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment