(ကယ်လီဖိုးနီးယား၊ ဖေဖော်ဝါရီ ၁၆)
ရုပ်ရှင် သရုပ်ဆောင် ဆုပန်ထွာ နှင့် ကိုဥက္ကာကျော် တို့၏ မင်္ဂလာ ပွဲကို ချစ်သူ များနေ့တွင် အမေရိ ကန်ပြည်ထောင်စု ကယ်လီဖိုးနီး ယား ပြည်နယ်ရှိSanta Monica? Ocean Avenue တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဆုပန်ထွာက မင်္ဂလာဦး အလှူ အဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ် အတွင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ကျဆုံးသွား သော တပ်မတော်သား များ အတွက် အလှူငွေပေးလှူခဲ့ပြီး စစ်ပွဲတွေ ရပ်ပါစေ။ မြန်မာပြည် ငြိမ်းချမ်းပါ စေကြောင်း ဆုတောင်းပေးခဲ့သည်။
”ပန်ပန် တို့နှစ်ယောက်ရဲ့အဝေး ကနေလှူပေးခဲ့တဲ့ မင်္ဂလာဦး အလှူပါရှင်။ ဖေဖော်ဝါရီ ၁၃ ရက် ကတည်းက မင်္ဂလာဦး အလှူအဖြစ် လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းခွင့် ရ အောင် ကြိုးစားပေး တဲ့ မေမေလေး ကိုလည်း ကျေးဇူးတင်ပါတယ်။
ပန်ပန်တို့ မင်္ဂလာဦး အလှူ အတွက် ပန်ပန့်ကိုချစ်တဲ့ ပရိသတ် တွေလည်း သာဓုခေါ်နိုင်အောင်လို့ ဝေမျှပေး လိုက်ပါတယ်။ စစ်ပွဲတွေ ရပ်ပါစေ။ မြန်မာပြည် ငြိမ်းချမ်းပါ စေ။ အားလုံးပဲ ဒုက္ခတွေ ကင်းဝေး ကြပါစေရှင်” ဟု ဆုပန်ထွာက ပြောသည်။
ဆုပန်ထွာက အဆိုပါ မင်္ဂလာ ခရီးစဉ်တွင် သူမ၏ တစ်ကိုယ် တော်ခွေထဲမှ ‘မိုင်တွေဝေး’ သီချင်း ကို သရုပ်ဆောင် ဥက္ကာမင်းမောင် နှင့်အတူ MTV ရိုက်ကူး ခဲ့သည်ဟု သိရသည်။
ဆုပန်ထွာနှင့် ကိုဥက္ကာကျော် တို့သည် ဖေဖော်ဝါရီ လကုန်တွင် မြန် မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာမည် ဖြစ်ပြီး မတ်လ အတွင်း ရန်ကုန်တွင် မင်္ဂလာပွဲ ထပ်မံ ပြု လုပ်ရန် ရှိကြောင်း သိရသည်။ အဆိုပါ ကယ်လီဖိုးနီးယား တွင် ပြုလုပ်သည့် မင်္ဂလာပွဲ ဝတ်စုံ ကို ညီညီမောင် (စမ်းချောင်း) က စီစဉ်ပေးပြီး ရန်ကုန် တွင်ပြုလုပ်မည့် မင်္ဂလာပွဲ ကို ဒီဇိုင်နာ မျိုးမင်းစိုး က စီစဉ်ပေးမည် ဖြစ်ကြောင်း သိရ သည်။
ထူးထူး
Source:popularmyanmar.com

0 comments:
Post a Comment