ဖေ့စ်ဘုတ်က ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ မိုးယုစံ


မိုးယုစံက မြဝတီမှာထုတ်လွှင့် ပြသမယ့် Meet With The Celebrities အစီအစဉ်အတွက် သူ့ရဲ့ဖေ့စ်ဘုတ်က ပရိသတ်တွေနဲ့ ဖေဖော်ဝါရီ ၈ရက်နေ့ က တွေ့ ဆုံ ကာ ပရိသတ်တွေမေးမြန်း သမျှကိုရင်းရင်းနှီးနှီးပြန်လည် ဖြေ ကြားခဲ့ပြီး အမှတ်တရလက်ဆောင် တွေလည်းပေးခဲ့ပါတယ်။ သူ့ရဲ့ပရိ သတ်တွေနဲ့တွေ့ဆုံတာ ပထမဦး ဆုံး အကြိမ်ဖြစ်ပြီး အခုလို တွေ့ဆုံ ဖြစ်ခဲ့ပုံကို မိုးယုစံက
” ဒီအစီအစဉ်လေးရိုက်ဖို့ လာပြောတော့ လက်ခံဖြစ်သွားတယ်။ အနုပညာစလုပ်တုန်းက  FM မှာ ပရိသတ်တွေနဲ့ စကားပြောဖို့ခေါ်တယ်။ ဒါပေမဲ့အကြောင်း အမျိုး မျိုး ကြောင့် မအားတာနဲ့ မပြောဖြစ်ဘူး။ ဒါက ပထမဆုံးပရိသတ်နဲ့တွေ့ဖို့ လက်ခံဖြစ်တာပါ။ ဒါပေမဲ့ အချိန်က နှစ်ရက်ပဲရတယ်။ ဖေ့စ်ဘုတ်ကပဲ ပရိသတ်ကို လှမ်းေ ခ်ါဖြစ် တယ်။ တချို့ကလည်း လာချင်တယ်။ နယ်ကဖြစ်နေတော့ ကားလက်မှတ်တွေ ဝယ်ပြီးလာမယ်တဲ့။ ဒါပေမဲ့ တစ်ရက်ပဲဆိုတော့အားနာပြီးမ လာခိုင်းတော့ ဘူး။ နောက်ဆုံး ၅ယောက်ကိုပဲ ရွေးပြီးတွေ့ဖြစ်သွားတယ်။ သူတို့တကယ်သိချင်တဲ့ မေးခွန်းတွေကို ပြန်ဖြေ ဖြစ်တယ်။ ပရိသတ်တွေနဲ့ အခုလို တွေ့ရတဲ့အ တွက်ဝမ်း သာပါတယ်” လို့ပြောပါတယ်။ မိုးယုစံက ပရိသတ်တွေနဲ့ ထိတွေ့ဖို့အတွက် ဖေ့စ်ဘုတ်ကို အချိန်ပေးအသုံးပြုလေ့ရှိပြီး သီချင်းစာသားတွေကိုလည်း ကိုယ်တိုင်ခံ စားရေး သားပြီး ဖေ့စ်ဘုတ်ပေါ်တင်ဖြစ်ကြောင်းသိရတာကြောင့် မေးတော့ ” ကိုယ့်ဘာသာကို သံစဉ်တွေတွေ့တဲ့အခါ စာသားတွေ စမ်းဆိုတာမျိုး ရှိတတ်ပါတယ်။ အဲဒီတုန်း က ရေးဖြစ်တာက သိပ်ပြီးခံစားချက်ရှိနေတာရယ်နဲ့ ဘယ်ရယ် မဟုတ်ဘူးရေးဖြစ်သွားတယ်။ သီချင်း ၁ဝ ပုဒ်လောက် ရေးဖြစ်တယ်။ အဲဒီနေ့က  မု(ဒ်)တော်တော်ရတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကြိုက်တာတော့ နှစ်ပုဒ်လောက်ပဲရှိတယ်။ ချပြဖို့ကတော့ မရဲပါဘူး။ သီချင်းနဲ့ ပတ်သက်ပြီး စီစဉ်ဖြစ်မယ်ဆိုရင်တော့ မိုးယုကိုယ်တိုင်ရေးတဲ့ သီ ချင်းကောင်းမယ့် ဟာလေးကိုတစ်ပုဒ်လောက်တော့ ထည့်ဖြစ်မှာပါ” လို့ ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment