မတ္တရာတောင်သူ ၁ဝဝ ကျော် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

မန္တလေးတိုင်း ဒေသကြီးမတ္တရာမြို့ နယ်မှာ အစိုးရကသိမ်းယူ ထားတဲ့ မြေဧက ၆ဝဝ ကျော်ပေါ်မှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ဒေသခံတောင်သူတွေ ဝင်ရောက်ထွန်ယက်စဉ်။ Photo: Nay Thwae/RFA
မန္တလေးတိုင်း ဒေသကြီးမတ္တရာမြို့ နယ်မှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူထားတဲ့ ရေနံ့သာစိုက်ကွင်းက မြေဧက ၆ဝဝ ကျော်ပေါ်မှာ ဒီနေ့မနက်က ဒေသခံတောင်သူ ၁ဝဝ ကျော်က ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။

မြေသိမ်းခံရပြီးနောက်ပိုင်း အခက်အခဲတွေ ကြုံတွေ့နေ ရတဲ့အတွက် မြေပြန်လည်ရရှိတဲ့အထိ ထွန်တုံးတိုက်ပွဲ ဝင်သွားမယ်လို့ လယ်မြေဆုံးရှုံးခဲ့တဲ့ မတ္တရာမြို့ နယ် ရေနံ့သာရွာသား ကိုမြင့်တင်က ပြောပါတယ်။

"ကျနော်တို့မှာ ဘဝကနာလှပြီ၊ ခံလည်းခံထားခဲ့ရ တာလည်း များလှပြီ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ကတော့ ပြောမယ်ဆိုလို့ရှိရင်တော့ မဖြစ်ဖြစ်အောင် ထွန်ယက်စိုက်ပျိုးသွားမယ်လို့ပဲ စိတ်ကူးထားတယ်"

မတ္တရာမြို့နယ်က ကျောက်စရစ်၊ ရေနံသာနဲ့ တံငါမြောက်ရွာက လယ်မြေတွေကို ၁၉၈၈ မတိုင်မီလောက်က လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းဆည်းခဲ့တာပါ။

အဲ့ဒီမြေတွေကို လယ်ဆည်ဝန်ကြီးဌာနက ဒေသခံလယ်သမားတွေကို သီးစားပြန်ချပေးထားတာ ဖြစ်ပါတယ်။

RFA Burmese
https://burview.rfaweb.org/burmese/news/over100-farmers-launch-plough-campaign-grab-lands-mattayar-02202015094749.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment