ပင်မကျောင်းသားသပိတ်စစ်ကြောင်း၏ အတားအဆီးများကို ဖယ်ရှားပေးပြီ (ရုပ်သံ)

ဓာတ်ပုံ – ကောင်းထက်ကျော်
လက်ပံတန်းမှာ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသား သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီမှာ ရန်ကုန်ကို ချီတက်ဖို့ ပြင်ဆင်နေသလို ကြွေးကြော်သံတွေ စပြီး တိုင်နေပါတယ်။ အခုလတ်တလောမှာ ပင်မကျောင်းသားသပိတ်စစ်ကြောင်းရဲ့ အတားအဆီးများကို ဖယ်ရှားပေးလိုက်ပါပြီ။

နယ်လုံက သပိတ်ပုံစံ စစ်ကြောင်းချီတဲ့ ပုံစံ မဟုတ်ပဲနဲ့ သုံးလေးယောက် အုပ်စုငယ်လေးတွေ ပုံစံနဲ့ ထွက်မယ်ဆိုရင် သူက ခွင့်ပြုပေးမယ်ပြောတယ်။ ခလေးတွေက သပိတ်ပုံစံ မဟုတ်ရင် လက်မခံဘူးလို့ ပြန်ပြောတယ်။ နယ်လုံက ဒါက ညှိတာပါ၊ အတိုးအလျော့ရှိပါတယ်လို့ ပြောပါတယ်။

အဲဒါကြောင့် ကျောင်းသားကိုယ်စားလှယ်ရယ်၊ ဒေါက်တာသိန်းလွင်ရယ်၊ ဒေါက်တာ ညိုညိုသင်းရယ် နယ်လုံရယ် ညှိနှိုင်းနေကြဆဲပဲ ရှိနေသေးတယ်လို့ အရပ်ဖက် လူမူ့အဖွဲ့အစည်းများဖိုရမ် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ တာဝန်ခံ သိန္နီဦးက ဒီဗွီဘီ အတည်ပြုပြောပါတယ်။ ဒီကနေ့မနက်မှာ ကျောင်းသားတွေကို ပိတ်ဆို့ထားတဲ့ ရဲတပ်ဖွဲ့က ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

By DVB
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment