တအားဗန့်ဆန်တဲ့ဇာတ်ရုပ်မျိုးတွေ ထပ်မရိုက်တော့ဘူးလို့ဆိုတဲ့ စိုးနန္ဒာကျော်


‘လက်ဦးဆရာ’ ဇာတ်ကားကို စိုးနန္ဒာကျော်က လူမင်း၊ အေးမြတ်သူတို့နဲ့အတူ ရိုက်ကူးနေ ပါတယ်။ ဒီ ဇာတ်ကားထဲမှာ စိုးနန္ဒာကျော်က လူမင်းရဲ့ ဇနီး၊မိခင်တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားတွေ ရိုက်တဲ့အခါမှာ မလုပ်ဖူးသေးတဲဇာတ်ရုပ်မျိုး ကို အဓိကရွေးချယ် ရိုက်ကူး ပြီး  တအားဗန့်ဆန်တဲ့ ဇာတ်ရုပ်မျိုးတွေဆိုရင်တော့ ထပ် မရိုက်တော့ပါဘူးလို့ စိုးနန္ဒာကျော်က ဆိုပါတယ်။ “အခုနောက်ပိုင်းဇာတ်တွေ ရွေးတဲ့အ ခါမှာညီမနဲ့လည်း လိုက်ဖက်ရမယ်။ ပရိသတ်က လက်ခံနိုင်တဲ့ ပုံစံမျိုးလည်းဖြစ်ရမယ်။ အဓိ ကကတော့ ညီမသရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက် တာတွေကို အဓိကထားပြီး ရွေးချယ်ရိုက်ကူးဖြစ်ပါတယ်။ ညီမတို့က ပရိသတ်ရဲ့ အချစ် ကို ရသင့်ရသလောက်လည်းရ နေတဲ့ အချိန်ဖြစ်တဲ့အတွက် ဇာတ်ရုပ်ရွေးချယ်တဲ့အခါမှာ တအားကိုအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရွေးချယ်မှုမှာသွားလို့ရှိရင် ကိုယ့်နေရာကို ကိုယ်သတ်မှတ် သလို ဖြစ်မယ်လို့လည်း ထင်မိတယ်။ ပရိသတ်ကလည်း ညီမကို လက်ခံပေးနိုင်တဲ့ ဇာတ်မျိုးကို အဓိကထားပြီး စဉ်းစားရိုက်ကူးဖြစ်ပါတယ်။ တချို့ပရိသတ် တွေကတော့ ညီမဗန့်ရိုက်တာကို သိပ်ပြီးသဘောမကျကြဘူး။ ညီမကို ဗန့် မရိုက်ပါနဲ့။ စိတ်ထဲကြည့်ရတာ တစ်မျိုးကြီးပဲ။ ဗန့်တွေနဲ့ မမြင်ချင်ဘူးဆိုတော့ ညီမက ပရိသတ်ရဲ့သဘောကိုဆောင်တဲ့အနေနဲ့ နောက်ပိုင်းမှာ ဗန့်ပုံစံတွေ ကို ညီမရှောင်လိုက်တယ်။ ရိုက်ခဲ့ရင် တောင်   ပြန်ပြီးအဖြေပါတဲ့ ဗန့်မျိုးဆို ရင် ရိုက်တယ်။ တအားကြီးဗန့်ကြီးတွေကိုတော့ မရိုက်တော့ဘူး” လို့ ပြောပါတယ်။
ကိုယ်ရတဲ့ဇာတ်ရုပ်ပေါ်မူတည်ပြီး လုပ်ရတဲ့အပေါ်မှာ ပရိသတ် မုန်း သွားမှာစိုးရိမ်စိတ်ထက် ကိုယ်မလုပ် နိုင်မှာ ဇာတ်ရုပ်မပီပြင်မှာကို ပိုပြီး စိုးရိမ်စိတ်ဖြစ်မိတယ်လို့ စိုးနန္ဒာ ကျော်က ဆိုပါတယ်။ “ညီမက ကိုယ်လုပ်တဲ့ ဇာတ်ရုပ်ပေါ်မူတည်ပြီး ပရိသတ် ငါ့ကိုများ မုန်းသွားမလား ဆိုတဲ့စိုးရိမ် စိတ် တော့ရှိတယ်။ ဒါပေမဲ့ အဲဒီစိုးရိမ်စိတ်ထက် ညီမကို ပိုပြီး တော့ လွှမ်းခြုံနေတဲ့စိုးရိမ်စိတ်တစ်ခုက ငါဒီလိုမျိုး ဇာတ်ရုပ်မျိုးကို ရိုက်တာ ပရိသတ်က ငါ့ကို လက်ခံပါ့မလား။ နောက်တစ်ခုက ငါပီကောပီပြင်ပါ့မလား၊ လုပ် နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်က ပိုများပါတယ်။ အဲဒီအတွက် ဗန့်ဇာတ် ရုပ်မျိုးကို သရုပ်ဆောင်တဲ့အချိန်တုန်းက ကိုယ့်ကိုယ်ကိုယ့် တအားကို စိုးရိမ် စိတ်များခဲ့တယ်။ စိတ်ကို တအားနှစ်ရတယ်။ ညီမရဲ့ အပြင်ကာရိုက်တာနဲ့ ကလည်း တခြားစီဖြစ်နေတော့ စိတ်ကိုတအားထည့်ပြီး ရိုက်ရတယ်။ ပရိသတ်အတွက် ဇာတ်အဆန်း အပြားလေးတွေ ရိုက်ကြည့်ချင်တယ်။ ညီမ လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ ညီမက အကောင်းဆုံး ကြိုးစား သွားမှာပါ။ အားလုံးကို လုပ်ဖူးတယ်ရှိအောင် အားလုံးကို သရုပ်ဆောင် ချင်ပါ တယ်။ပရိသတ်ကတောင်းဆိုတဲ့ ကာရိုက်တာမျိုးတွေကိုလည်း ရိုက်ပြဖို့ ကြိုးစားသွားမှာပါ” လို့ စိုးနန္ဒာကျော်က ပြောပါတယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ-အောင်ဇော်မင်း
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment