My Lay Entertainment ရဲ့ လှုပ်ရှားမှုအကြောင်း ပြောပြတဲ့ ရတနာမိုင်


ရတနာမိုင်က မတ်လ ၂၁ ရက်နေ့မှာကျင်းပမယ့် မြန်မာပြည် သိန်းတန်ရဲ့ အမှတ်တရပွဲမှာ ပါဝင် ဖျော်ဖြေမှာဖြစ်ပါတယ်။ မြန်မာပြည် သိန်းတန်နဲ့ အတူ Five Ladies Show  ပြုလုပ်မှာဖြစ်ပြီး ချမ်းချမ်း၊ ဂျင်းနီ၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာ မြင့်တို့နဲ့အတူရတနာမိုင်လည်း ပါဝင်မှာဖြစ်ပါတယ်။
“ညီမက သီချင်း ၄ ပုဒ်ဆိုပါမယ်။ ဦးသိန်းတန်နဲ့ စုံတွဲလည်းဆိုမယ်။ တစ်ကိုယ်တော်လည်းဆိုမယ်” လို့ ရတနာမိုင်ကပြောပါတယ်။ ရတနာမိုင် က My Lay Entertainment ဆိုတဲ့ အနုပညာလုပ်ငန်းကိုလည်း တည်ထောင် ထားသူဖြစ်ပါ တယ်။ ဒီဘက်နှစ်ပိုင်းမှာတော့ သီချင်းကိစ္စတွေနဲ့ ရှုပ်နေ တာကြောင့် My Lay Entertainment  ဘက်ကို သိပ်မလှည့်ဖြစ် သေးဘူးလို့လည်း သိရပါတယ်။
“ဒီနှစ်သင်္ကြန်အတွက် အားလုံးပျော်တဲ့သင်္ကြန်ဆိုတဲ့ အခွေလေးကိုMy Lay Entertainment က စီစဉ်ထားတာရှိတယ်။ အဲဒီအခွေလေးမှာ မိုင်ေ လးက သီချင်းနှစ်ပုဒ်ဆိုထားတယ်။ တခြားတော့ သိပ်မလှုပ်ရှားဖြစ်သေးဘူး။ ပြီးတော့ ဒီ Entertainment က အခု မိုင်လေး မလုပ်တော့ဘူး။ မိုင်လေးမေမေကပဲ တာဝန်ယူပေး နေတယ်။ ဒါပေမဲ့လည်း မေမေက မိုင်လေးနဲ့အတူ ပွဲတွေတောက် လျှောက်လိုက် နေရတော့သူလည်း သိပ်မ လှည့်နိုင်သေးဘူးဖြစ်နေတယ်။ နှစ်ခုဆိုတော့ ဒီဘက်သီချင်းဆိုတဲ့ ဘက်ကိုလည်း လစ်ဟင်းသွားမှာစိုးလို့ Entertainment  ဘက်ကို သိပ် မလှည့်ဖြစ်နိုင်သေးဘူး။ ဒီနှစ်ထဲမှာ မိုင်လေးကလည်း ‘Good Night  ချစ်သူ’ အမ်တီဗီလေးထွက်လိုက်တော့ အလုပ်လည်း နည်းနည်းရှုပ် သွား တယ်။ အဲဒါနဲ့ Entertainment  ဘက်က နည်းနည်း အားလျော့သွားတယ်။ ဒီဘက်နှစ် ပိုင်းမှာတော့My Lay Entertain ment  အနေနဲ့ လှုပ်ရှားမှု ကတော့ နည်းနည်းနှေးနေဦးမယ်” လို့ ရတနာမိုင်ကပြောပါတယ်။ သင်္ကြန် ကာလမှာ ရေကစားမဏ္ဍပ်လည်း ဆောက်ခဲ့ဖူးတဲ့ My Lay Entertainment  အနေနဲ့ ဒီနှစ် မှာတော့မဏ္ဍပ် ဆောက်ဖို့ အစီအစဉ် မရှိဘဲ ရတနာမိုင်အနေနဲ့တော့ သီချင်းဆိုရင်းပဲ ဖြတ်သန်းမယ်လို့လည်း သိရပြီး ဘယ်မှာ သင်္ကြန်ကျဖြစ်မယ်ဆိုတာ တော့ မသေချာသေး ဘူးလို့လည်း သိရပါတယ်။ ရတနာမိုင်ရဲ့ စတုတ္ထအခွေက တော့ သင်္ကြန်အပြီး ကာလမှာပဲ စတင်အသံသွင်းယူတော့မှာဖြစ်တယ် လို့ သိရပြီး လတ်တလောမှာ တော့ ရတနာမိုင်က ပြည်တွင်းဖျော်ဖြေ ရေးခရီးစဉ်များနဲ့ အလုပ် များနေတယ်လို့လည်း သိရပါတယ်။
ရဲရဲ
ဓာတ်ပုံ-မင်းမင်းထွန်း
ဓာတ်ပုံ-အောင်ဇော်မင်း
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment