
ကိုရီးယားရဲ့ အကျော်အမော်နှစ်ဦးဖြစ်တဲ့ သရုပ်ဆောင် Lee Min Ho နဲ့ Suzy (Bae Su Ji) တို့ဟာ သူတို့ချစ်ကြိုက်နေတဲ့အကြောင်း အားလုံးကို အသိပေး ပြောကြားလိုက်ပါတယ်။ Suzy ဟာ Kpop လောကရဲ့ မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ miss A အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လန်ဒန်နဲ့ ပဲရစ်က ဓာတ်ပုံရိုက်ကူးမှု တစ်ခုအတွက် အတူသွားရင်း ဟိုမှာလည်း အတူလည်ပတ်ခဲ့ကြပါသေးတယ်။
သူတို့နှစ်ဦးရဲ့ အချစ်ရေးသတင်းကို အနုပညာရှင်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက အတိအကျ ဖွင့်ဟလိုက်ပြီးတဲ့နောက်မှာ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေနဲ့ Twitter စတာတွေမှာ ပရိသတ်တွေရဲ့ အာရုံစိုက်အားပေးမှုကို အထူးတလည် ရရှိခဲ့ကြပါတယ်။
သူတို့နှစ်ဦးချစ်သူဖြစ်တာ ခုမှ တစ်လသာ ရှိသေးတာမို့ ဒိတ်လုပ်ခြင်းရဲ့ ပထမအဆင့်သာ ရှိနေပါသေးတယ်။ ခုလို ချစ်သူရှိသွားကြပြီဖြစ်တဲ့ Lee Min Ho နဲ့ Suzy တို့ရဲ့ပရိသတ်တွေထဲမှာ Lee Min Ho ဘက်က သဘောမတူဘူးဆိုပြီးပြောဆိုနေကြတဲ့ ပရိသတ်တွေ ရှိပေမယ့် Suzy ပရိသတ်တွေကတော့ သူမကို ကွန်ဂရက်ကျူလေးရှင်း ဆိုပြီး လူမှုကွန်ယက်တွေမှာ ရေးသားထားတာ မြင်ရပါတယ်။
Ref:kpopstarz.com
Source:trend.com.mm
လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
0 comments:
Post a Comment