ငါးဖမ်းလှေများပေါ်မှ ကျေးကျွန်ဆန်ဆန် ခိုင်းစေခံ မြန်မာလုပ်သားများ၏ ရင်ဖွင့်သံ “အလုပ်ချိန် 22 နာရီကြာလုပ်ရတယ်၊ ပြန်ပြောရင် ငါးလိပ်ကျောက်မြီးနဲ့ အရိုက်ခံရတယ်”



အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိကျွန်းစုများတွင် ထောင်နှင့်ချီ၍ အရေအတွက်ရှိသော နိုင်ငံခြား ငါးဖမ်းသမားများကို မည်ကဲ့သို့ ညှဉ်းပန်း နှိပ်စက်ကြောင်း စုံစမ်းစစ်ဆေး ရန်အတွက် ထိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ပုဂ်္ဂိုလ်များသည် အဆိုပါ ကျွန်းစုများသို့ သွားရောက်ခဲ့ကြသည်။ အဆိုပါ ငါးဖမ်းသမားများသည် အတင်းအကျပ် စေခိုင်းခံကြရပြီး ဖမ်းဆီး ရမိသောငါးများကို အမေရိကန်နှင့် နိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချနေကြသည်။

လွန်ခဲ့သောနှစ်များကတည်းက ယင်းကဲ့သို့ ငါးဖမ်းသမားများကို လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားမှုအပါအ၀င် နှိပ်စက်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ကြပြီးနောက် ၃ နိုင်ငံမှ အရာရှိများ အင်ဒိုနီးရှားရှိ ဘင်ဂျီနာကျေးရွာကျွန်းသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကမူ အဆိုပါဒေသတွင် နောက်တပတ်အထိ ဆက်လက်နေထိုင်ရန် စီစဉ်ထားပြီး ဒုက္ခရောက်နေသော မြန်မာနိုင်ငံသား မည်မျှပါဝင်ကြောင်း၊ မည်ကဲ့သို့ ပြန်လည်ခေါ်ယူရမည်ကို ဆုံးဖြတ်ကြမည်ဟု သိရသည်။

အဆိုပါ ဘင်ဂျီနာကျေးရွာတွင် ဒါဇင်နှင့်ချီသော သေဆုံးသွားသည့် ငါးဖမ်းသမားများ မြှုပ်နှံထားသည်ကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်များက တွေ့ရှိခဲ့ရသည်။ ၎င်းအပြင် ထိုင်းငါးဖမ်းသင်္ဘော မာလိန်မှူးများက ငါးဖမ်းသင်္ဘောပေါ်တွင် အတင်း အကျပ်စေခိုင်းရန် အင်ဒိုနီးရှားသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် ကျွန်းပေါ်တွင် နှစ်နှင့်ချီ၍ သောင်တင်နေခဲ့သော ငါးဖမ်း သမားများနှင့်လည်း တွေ့ဆုံစကားပြောခဲ့ရသည်ဟု ဆိုသည်။

ယင်းကဲ့သို့ နိုင်ငံခြားလုပ်သားများကို ကျွန်ပြုစေခိုင်းသည့်သတင်းများမှာ အလွန်စိတ်မချမ်းမြေ့စရာဖြစ်ရကြောင်း အင်ဒိုနီး ရှားအစိုးရအနေနှင့် ထိရောက်စွာအရေးယူရန် ရည်ရွယ်ထားကြောင်း၊ အင်ဒိုနီးရှား စုံစမ်းရေးအဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်ပြီး ငါးလုပ်ငန်းဝန်ကြီးဌာနမှ မစ္စက်အိုင်ဒါကူဆူမာက ပြောကြားခဲ့သည်။ “ဒီငါးဖမ်း သမားတွေကို ငှားရမ်းတဲ့ကုမ္ပဏီတွေအနေနဲ့ သူတို့ကို မိသားစုဆီပြန်နိုင်အောင် အပြည့်အ၀ တာဝန်ယူရမယ်”ဟု သူမ က ပြောသည်။

ဘင်ဂျီနာကျေးရွာကျွန်းစုနှင့် အနီးတ၀ိုက်ကျွန်းများတွင် သောင်တင်နေကြသော နိုင်ငံခြားသားများ ၄၀၀၀ ကျော်ခန့် ရှိကြောင်း၊ အများစုမှာ လူကုန်ကူးခံရပြီး ကျွန်ပြုခံရသူများဖြစ်ကြောင်း၊ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့ အစညှ်းုဥြ က ပြီးခဲ့သော သီတင်း ပတ်က ပြောကြားခဲ့သည်။ အင်ဒိုနီးရှား ကျွန်းစုတ၀ိုက်တွင် ငါးမျိုးစိတ်များပေါများ စွာရှိနေမှုကြောင့် ထိုင်းသင်္ဘောများက ငါး များခိုးဖမ်းနေကြ၍ အင်ဒိုနီးရှားက ငါးခိုး ဖမ်းသူများကို နှိမ်နင်းရန် အမိန့်ထုတ်ပြန် ပြီးနောက်ပိုင်းတွင် ဤကဲ့သို့ ငါးဖမ်းသမား လုပ်သားများကို ကျွန်းများပေါ်တွင် စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းဘင်ဂျီနာကျွန်းပေါ်တွင် လက်ရှိ နှင့် ယခင်က အတင်းအကျပ်စေခိုင်းခံခဲ့ရသော မြန်မာငါးဖမ်းသမားများကို အေပီ သတင်းဌာနက တွေ့ဆုံခဲ့ရာ၌ ၎င်းတို့ကို ထိုင်းငါးဖမ်းသင်္ဘော မာလိန်မှူးများက ရက်ရက်စက်စက် ပြုမှုဆက်ဆံခဲ့ကြပုံကို ပြောပြခဲ့ကြသည်။ မြန်မာလုပ်သားများသည် မသန့်ရှင်းသောရေးများ သောက်ခိုင်းကြောင်း၊ အလုပ်ချိန် ၂၀ နာရီမှ ၂၂ နာရီကြာအောင်လုပ်ရပြီး နားရက်မပေးကြောင်း၊ မကျေမနပ်ပြောဆိုမှု သို့မဟုတ် နားနေပါက ခြေထောက်ဖြင့် ကန်ကျောက် ခြင်း၊ အဆိပ်ရှိသည့် ငါးလိပ်ကျောက်မြီးဖြင့် ရိုက်နှက်ခြင်းခံကြရကြောင်း၊ လုပ်ခ အနည်းငယ်သာပေးပြီး တခါတရံ လုံးဝ လုပ်ခမရကြကြောင်း၊ အိမ်ပြန်ချင်သော်လည်း ပြန်ခွင့်မပြုဟု ပြောပြခဲ့ကြသည်။

ကျွန်လုပ်သားများဖြင့် ဖမ်းဆီးရမိသော ပင်လယ်စာများကို ထိုင်းငါးဖမ်းလှေများက ထိုင်းနိုင်ငံမှတဆင့် အမေရိကနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချနေကြပုံများကို လွန်ခဲ့သောနှစ်ကပင် အေပီ သတင်းဌာနက ဂြိုဟ်တုဓာတ်ပုံသက်သေများဖြင့် တင်ပြရေးသားခဲ့မှုကြောင့် အမေရိကန်အစိုးရနှင့် အဓိကပင်လယ်စာထုတ်လုပ်ရေးလုပ်ငန်းကြီးများအနေနှင့်ပြဿနာကို မဖြစ်မနေ ဖြေရှင်းပေးရန် တောင်းဆိုလာခဲ့ကြသည်။

ထွဋ်ဝင်းထွဋ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment