တပ်မတော်စစ်ကြောင်းများက ရခိုင်ဒေသအတွင်း နယ်မြေရှင်းလင်းစဉ် ရခိုင်သောင်းကျန်းသူ အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား


နေပြည်တော် ဧပြီ ၁၈

တပ်မတော် စစ်ကြောင်းများ ရခိုင်ဒေသအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ ပလက်ဝဒေသ တစ်ဝိုက်၌ ရခိုင်သောင်းကျန်းသူ အဖွဲ့များ ဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် နယ်မြေအတွင်း အသေးစိတ်ရှင်းလင်းရာ ရခိုင် သောင်းကျန်းသူ အင်အားအချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုသို့ တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် ဧပြီ ၁၇ ရက် နံနက်ပိုင်းက ကျောက်တော်မြို့ မြောက်ဘက် ၁၄ မိုင်ခန့်အကွာ ပင်လုံကျေးရွာအနီး၌ ရခိုင်သောင်း ကျန်းသူအချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ သောင်းကျန်းသူ များ ဆုတ်ခွာထွက်ပြေးသွားသဖြင့် တပ်မတော်စစ်ကြောင်းက ရန်သူ့ နောက်သို့ ထပ်ချပ်လိုက်လံချေမှုန်း သောကြောင့် ထိတွေ့တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး သောင်းကျန်းသူများ အနောက်မြောက်ဘက်သို့ ကစဥ့် ကလျား ဆက်လက်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ထို့အတူ ဧပြီ ၁၇ ရက် ညနေ ပိုင်းတွင် တပ်မတော်စစ်ကြောင်း နှင့် အောင်လံချောင်းကျေးရွာအနီး တောင်ကုန်းပေါ်၌ နေရာယူထား သော ရခိုင်သောင်းကျန်းသူ အင်အား အချို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ သောင်းကျန်းသူများ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်များတွင် ရခိုင် သောင်းကျန်းသူများထံမှ ပြောက်ကျား ကျောပိုးအိတ်နှစ်လုံး၊ မြန်မာငွေကျပ် ၁၂ဝဝဝဝ၊Ipad တစ်လုံး၊HUAWEI တယ်လီဖုန်းတစ်လုံး၊ သံလိုက် အိမ်မြောင်တစ်ခု၊ ဟန်းကောတစ်လုံး၊ အရပ်ဝတ်အင်္ကျီ သုံးထည်တို့ကို သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်စစ်ကြောင်းများ အနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိ သော ရခိုင်ဒေသအတွင်း ရခိုင် သောင်းကျန်းသူများ စိမ့်ဝင်လာမှု မရှိစေရန် ဒေသခံပြည်သူလူထုများ နှင့်ပေါင်းစပ်၍ နယ်မြေအတွင်း အသေးစိတ်ပိတ်ဆို့ ရှင်းလင်းဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

(မြဝတီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment