သက်ရှိမြစ်များ ဆွေးနွေးပွဲမှာ ပါဝင်ဟော ပြောဖြစ်ခဲ့တဲ့ လင်းလင်း


ဧရာဝတီမြစ်နဲ့ မြန်မာ ပြည်ရှိမြစ်ကြီးများနဲ့ပတ်သက်ပြီး ဂုဏ်ပြုတင်ဆက်တဲ့ သက်ရှိမြစ်များအစီအစဉ် ဂီတအနုပညာနှင့်ပညာရပ် ဆိုင်ရာတင်ဆက်ဖွင့်ဆိုချက် များအစီ အ စဉ်ကို ဖေဖော် ဝါရီလ ၂၇ ရက်နဲ့ ၂၈ရက် များက Yangon Gallery မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နယ်ပယ်အသီးသီးက ပါဝင် တဲ့ဒီပွဲမှာ ဂီတသမားတစ်ဦးဖြစ်တဲ့ လင်း လင်း လည်းပါ ဝင်ခဲ့ပြီး သီချင်းသီဆိုမှုနဲ့ ဟောပြောမှုများပြုလုပ်ခဲ့ပါ တယ်။ စင်ပေါ်မှာ သီချင်း သီဆိုမှုနဲ့အတွေ့ရများတဲ့ လင်းလင်းကို ဒီပွဲမှာ ပါဝင်ဟောပြောဖြစ်ပုံ ကို မေးကြ ည့်တော့ ” သက်ရှိမြစ်များဆိုတဲ့ ခေါင်း စဉ်နဲ့လည်းဖြစ်တယ်။
ဧရာဝတီအဓိကဆိုပေမယ့် နိုင်ငံထဲမှာ ရှိတဲ့ တခြားမြစ်တွေရဲ့ ထိန်း သိမ်းစောင့်ရှောက်မှုနဲ့ ပတ် သက်တဲ့ ခေါင်းစဉ်ဆိုတော့ အဲ့ဒါလေးတွေ စုထားပြီး ပြောဖြစ်တယ်။ ပါ ဝင်တဲ့သူ တွေကလည်းကိုယ့်ဂီတဘက်က အစ်ကိုတွေ၊ ဆရာတွေ လည်းပါကြတယ်ဆိုတော့ ပါဖြစ်တာ။ အဓိကက ကျွန်တော်တို့ နိုင်ငံထဲမှာ ရှိတဲ့ နိုင်ငံသူ နိုင်ငံ သားတွေ ပိုင်တဲ့အရာ တွေ အများကြီးရှိတယ်။ ယဉ် ကျေးမှုအမွေ အနှစ်နဲ့ပတ် သက်ပြီးလည်း ပုဂံကနေစ ရာဇဝင်တွေ အများကြီးရှိ တယ်ပေါ့။ ဒါတွေကို ထိန်းသိမ်းဖို့ အတွက်က ကျွန်တော် တို့ဘယ်လို ထိန်းသိမ်းမလဲ ဆိုတာကို ပြောဖြစ်တယ်။ အဲ့ဒီလိုပြောတဲ့အခါမှာ အဓိက မက်ဆေ့ခ်ျပေးချင်တာက ကျွန်တော်တို့တွေဟိုး အရင်ကလိုမျိုး ဓားကိုင်၊ ပုဆိုးတွေ ခါးတောင်းကျိုက်ပြီး ငါသေမှ ငါတို့ အမွေအနှစ် တွေရမယ်ဆိုပြီး သတ္တိသွေး အပြည့်နဲ့ကာကွယ်လို့က အခု ခေတ်အခုအခါမှာ မရတော့ ဘူး။ ဘာလို့ လဲ ဆိုတော့ တခြားကိုယ်နဲ့ယှဉ်တွေ့ရတဲ့ နိုင်ငံ တွေလူတွေရဲ့ ပညာရေးတွေက တအားမြင့်မားကြ တယ်။ မြင့်မားတဲ့အခါမှာ အမြဲတမ်း ခေါင်းတစ်လုံးသာတယ်။ သာတဲ့ အ ခါ မှာ ပညာရှိနည်းနဲ့ ကျွန်တော်တို့သာ ပညာတွေ ပိုတတ်နေဖို့လိုတယ်။ အဓိက ရည်ရွယ်ချက်က ဓားတွေတုတ်တွေ ကိုင်ပြီး ကာကွယ်နေလို့ မရဘူး။
ပညာတွေလည်း တတ်နေမှရမယ်။ သူတို့ထက်ပိုပြီး ပညာတတ်ဖို့ မကြိုးစားနိုင်ရင် တောင် သူတို့နဲ့တန်းတူနီး ပါးတတ်နေမှရမယ်။ အဲ့ဒီ လိုတတ်နေမှလည်း ကိုယ့် နိုင်ငံ သူ၊ နိုင်ငံသား အားလုံး ပိုင်တဲ့ နိုင်ငံထဲက အရာတွေ ကို ကာကွယ်နိုင်မယ်လို့ ယုံ ကြည်တယ်။ အဲ့ဒီလိုယုံကြည် မှုနဲ့ ဒီသက်ရှိမြစ်များပွဲမှာ အဲ့ဒီအကြောင်း အ ရာ လေး ပြောဖြစ်တယ်” လို့ လင်းလင်း က ပြောပါတယ်။ လင်းလင်း က ခုလို စင်ပေါ်မှာ စကားနဲ့ ပြောရတာ ဒါ ပထမဆုံးဖြစ်ပြီး သီချင်းဆိုရင်းနဲ့ တော့ ပရိသတ်တွေ အ တွက် အခါ အခွင့် သင့်တိုင်းမှာ သူပေး ချင်တဲ့ မက်ဆေ့ခ်ျ လေးတွေ ထည့်ပြော  ဖြစ်တယ်လို့လည်း ပြောပြပါတယ်။ သူ ကိုယ်တိုင်ကစာ ပေဟောပြောပွဲတွေကို နားေ ထာင် ရတာ နှစ်သက်သူ တစ်ဦးလည်းဖြစ်တယ်လို့ သိရပါ တယ်။
” ကျွန်တော့် အနေနဲ့တော့ ဆရာကြီးတွေရဲ့ စာပေဟောပြောပွဲတွေ တော်တော်များများနားထောင်ဖြစ်တယ်။  စတူဒီယိုဝင်ဖို့မရှိဘူး။ သီချင်းတိုက်မရှိတဲ့အချိန်တွေဆိုရင် စာရေးစာဖတ်တာနဲ့ ရုပ်ရှင်ကြည့် တာရှိတယ်။ ပြီးရင် စာပေဟောပြောပွဲတွေကို အချိန်ရတိုင်းသွားပြီး နားထောင်ဖြစ်တယ်။ လေ့လာမှတ်သားမှုတွေက စာဖတ်တာနဲ့ ခုလို စာပေဟောပြောပွဲတွေ နားထောင်တာကနေရတယ်” လို့ လင်းလင်းက ပြောပြခဲ့ပါတယ်။
ရဲရဲ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment