ဟောပြောပွဲတွင် လက် ခုပ်တီးဖို့ထက် ဟောပြောသူ၏ စကားကို လိုက်နာဖို့လိုကြောင်း ဦးကျော်သူဆို


နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးပရဟိတ လုပ်ငန်းဆောင်ရွက်ချက်များကို အများပြည်သူသိ စေလိုသော ဆန္ဒဖြင့် ဟောပြောပွဲများ လိုက် လံေ ဟာပြော ခင်းဖြစ်ကြောင်း ဥက္ကဋ္ဌဦးကျော်သူက ဆိုသည်။ မြန်မာပြည်အနှံ့ ဟောပြောပွဲများ ဆက်တိုက် ဟောပြောဖြစ်နေသည့် ဦး ကျော်သူက သူဟောပြောရ သော အကြောင်း အရာနှင့် ပတ်သက်ပြီး
” ကျွန်တော်တို့က လူမှုရေးကိစ္စတွေလုပ်တဲ့အတွက် ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေကို  Slide Show  နဲ့ပြတယ်။ ပါးစပ်နဲ့ပြောနေတာ ထက် စာရင် အရုပ် ကို မြင် တာပိုပြီးတော့ နှလုံးသား ထဲကို စွဲတယ်။ ပြီးတော့ တကယ်ကိုလုပ်နေတယ်ဆိုတာကို မျက်မြင်ကိုယ် တွေ့ ဖြစ်တယ်။ ကျွန်တော်တို့ ဘာတွေ လက်တွေ့ လုပ် ခဲ့လဲ ဆို တာကို  Slide Show  နဲ့ပြတာပဲ။ ကျွန်တော်က ထွေထွေထူးထူးကြီး လှည့်ပတ်ပြောနေစရာမရှိဘူး။ ကိုယ့်လုပ်ငန်းစဉ်ကို တင်ပြတာပါပဲ” ဟု ပြောသည်။
ဆက်လက်ပြီး ဦးကျော်သူ က ဟောပြောပွဲများတွင် လာရောက်နားထောင်သည့် ပရိသတ်အပေါ်ကိုလည်း ” ဟောပြောပွဲတစ်ခုမှာ အယောက် ငါးထောင် လာကြည့် တယ်ပဲထား။ ကျွန်တော်တို့ပြောတဲ့စကား၊ တင်ပြတဲ့အရာတွေ လူငါးယောက်လောက်ဆီကိုဝင်သွားတယ်ဆိုရင် ကျွန်တော်တို့က ကျေနပ်တယ်။ ကျွန်တော်တို့က လက် ခုပ်သံကို မမျှော်လင့်ဘူး။ ကျွန်တော်တို့ တင်ပြချင်တဲ့အရာ ဗြဟ္မစိုရ်တရားဆိုတာ ဘာလဲဆိုတာ သူတို့ နားထဲဝင်သွားရင်ပြီးပြီ” ဟု ရှု မြင်သုံးသပ်ကြောင်း ဦးကျော်သူက ဆို သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ အနေဖြင့် မြန်မာပြည်အနှံ့ဟောပြောပွဲများ ဆက်တိုက်သွားနေရပြီး ပြည်ပမှ ဖိတ်ကြားလျှင်လည်း သွားရောက် ရကြောင်း သိရသည်။ ” တချို့ နေရာတွေမှာ ကျွန်တော်တို့ ဟောပြောခွင့်မရတာတွေရှိတယ်။ ဥပမာ မော်လမြိုင် ဟိုဘက်က ဘီလူးကျွန်း၊ ချောင်း ဆုံပေါ့။ ချောင်းဆုံ ဆို ရင် ကျော်သူက လူဆိုးလား၊ လူ ကောင်းလားမသိဘူးတဲ့။ အဲဒါကြောင့် ဟောပြောခွင့် ပိတ်တယ်ဆိုပြီး မြို့နယ်အာဏာပိုင်တွေက လာပြီးပြောတာတွေရှိတယ်” ဟု ပြော သည့် ဦးကျော်သူက ပရဟိတလုပ်သည့်သူက မိမိ ပရဟိတအကြောင်းပြောမည်ဖြစ်ပြီး အခြားနိုင်ငံရေးလှုံ့ဆော်ခြင်းများမရှိကြောင်း၊ မိမိတို့အတွေ့ အကြုံခံစားရ သည့် အကြောင်းများကို ပြောခြင်းဖြစ်ကြောင်း ရှင်းပြသည်။
မြန်မာပြည်အနှံ့တွင် စာပေဖြင့် ဖြစ်စေ၊ နိုင်ငံရေး အမြင်ဖြစ်စေ၊ ပရဟိတလုပ်ငန်းများအနေဖြင့်ဖြစ်စေ၊ အတွေးအခေါ်၊ အသိပညာ၊ အနုပညာ များကို ဝေ ငှပေးနေသော ဟောပြောပွဲများ အပေါ်သူ၏အမြင်ကိုလည်း ဦးကျော်သူက ” ဟောပြောပွဲဆိုတာ ဘယ်သူပဲ ပြောပြောပါ။ ကျွန်တော်ပဲပြောပြော၊ စာရေးဆ ရာကြီးတွေ ပဲ ပြောပြော၊ ဒေါ်အောင်ဆန်းစုကြည် ကပဲ ပြောပြော လက်ခုပ်တီးဖို့ ချည်းပဲလုပ်မနေဖို့ အရေးကြီးတယ်။ ဒီလူတွေပြောတာ တွေကို လာနားထောင် တာက ဒီလူတွေ ကို လေးစားလို့ နား ထောင်တယ်။ ကိုယ်လေးစား တဲ့လူတွေ ပြောတဲ့စကားကို အဓိက လိုက်နာဖို့ အရေးကြီးတယ်။ ဥပမာ မြတ်စွာဘုရား ကို ကြည်ညို တယ်ဆိုပြီးတော့ တစ်နေ့တစ်နေ့ ဘုရားချည်းပဲ ထိုင် ရှိခိုးနေလို့လည်းမရဘူး။ ဘုရားဟောကြားခဲ့တဲ့ တရားတော်တွေကိုလည်း လိုက်နာ ရမယ်။ ဒီလိုပဲ ဗိုလ်ချုပ်အောင် ဆန်းနှစ် ပတ် လည် တွေ လုပ်တယ်။ အဲဒီတစ်ရက် တည်း လုပ်ရုံနဲ့တင် ကိုယ့် တာဝန်တွေ ကျေသွားတာ မဟုတ်ဘူး။ ဗိုလ်ချုပ်က ဘာတွေပြောလဲ။ ဗိုလ်ချုပ်ကို လေး စား တယ်။ ဗိုလ်ချုပ် ကို ချစ်ခင်တယ်ဆိုရင် ဗိုလ်ချုပ် ပြောခဲ့တဲ့ စကားတွေကို လိုက်နာရမယ်။ ဒါပါပဲ” ဟု ပြောပြခဲ့သည်။
ဆက်လက်ပြီး ဦးကျော်သူက မြတ်စွာဘုရားဟောကြားခဲ့သော တရားတော်များတွင် ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားပြီး ပရဟိတ စိတ်ဓာတ် များထားရှိကြ ရန် ဟောကြား ခဲ့ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းအနေဖြင့်လည်း ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားရန် ပြောကြားခဲ့ကြောင်း၊ ထို့အတွက် မိမိတို့အနေဖြင့် မြတ်စွာဘုရား၏ တရားတော်ကို နာကြားသလို ဗိုလ်ချုပ် အောင်ဆန်း၏ စကားကိုလည်း လေးစားလိုက်နာကာ လက်တွေ့ဆောင်ရွက်နေ ကြောင်း ဥပမာပေးပြီး ပြောကြားခဲ့သည်။
မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment