၂ဝ၁၅ ရဲ့ပိတောက်ပွင့်တဲ့မုခ်ဦး တို့တွေလှလှပပ လှမ်းကြည့်ကြစို့


အသစ်အသစ်တွေနဲ့ နှစ်တစ်နှစ်ကို ခြေလှမ်းစရတော့မယ်။ ဘဝမှာ ဘယ်ဟာကအစလဲ။ ဘယ်ဟာက အဆုံးလဲ။ ဘယ်ဟာက စစ်လဲ၊ ဘယ်ဟာကအချစ် လဲ။ နှစ်ေ ဟာင်း ထဲမှာ ရေနစ်နေတဲ့ ပြည်သူတွေကို ဝါးတစ်လုံးရေထဲချပေးရုံနဲ့ မလုံလောက်ဘူး။ ရေထဲနစ်နေတဲ့ လူတွေအားလုံးကို ကုန်းပေါ် ခေါ်တင်ချင်တယ်။ စစ်ပြေး ကေ လးတွေ ကို ကျောင်းခန်းထဲ ပြန်ခေါ်ရမယ်။ကြောင်ရေ ချိုး တဲ့ခေတ်၊ မယောင်ရာ ဆီလူးတဲ့ ခေတ်မှာ ငါလူဖြစ်လာရ တာ။ ငါတရားနဲ့ ဖြေတယ်။ လောကဓံတွေ အရေ အတွက် များ တဲ့ ခေတ်မှာ၂ဝ၁၅က လက်ယပ် လှမ်း ခေါ်နေပြီ။သူရေချိုးပြီးပြီလား။
သူမျက်နှာဖုံးနဲ့လူလား၊ ဘာမှ သေသေချာချာမသိ။ ဝေဝေ ဝါးဝါးသာသာ လှမ်းမြင်နေရတယ်။ ကြည့်..ပိတောက်တွေကို ကြိုးတုတ်နေပြန်ပြီ။ ငုဝါ တွေကို ထောင်ချဖို့ ကြိုးစားပြန်ပြီ။ စေ့စေ့ကြည့်တောင် မခံနိုင်ကြတဲ့လောကတစ်ခွင်မှာ ငါနှစ်တစ်နှစ်ကိုဘယ်လိုဖြတ်သန်းရပါ့။ ကမ္ဘာတစ်ပတ်ခရီးလှည့်နေတဲ့ အမှန်တရား…၊ တို့ဆီကို ဘယ် အချိန်မှာ ပြန်ရောက်ပါ့။ဟိုး..ဝေးဝေးမှာ.. ရောက်နေတဲ့ အမှန်တရားရယ်။ တို့ဆီကို အမြန်ဆုံးလာခဲ့ဖို့ ဖိတ်ခေါ်တယ်။ ဖြစ်စဉ်တွေအားလုံးကို ပြန်ကြည့်ရင် ခါသင်္ကြန် ဆို တာကြီးကို ရောက်ရှိလာခဲ့တော့ ဘာပဲဖြစ်ဖြစ်ရင်ခုန်ကြမှာပေါ့။ သေတဲ့လူလည်းသေ၊ကြွေတဲ့သူလည်းကြွေ၊ ဝေတဲ့သူလည်းဝေ။ ဒါပေမဲ့ သင်္ကြန်တစ်နှစ်မှာတော့ ပိတောက်ဆိုတာအကန့်အသတ် တွေနဲ့ပွင့်တာတော့မဟုတ်  ဘူး။တစ်နွေလုံးဝေအောင် ဖူးပွင့်စွာပွင့်နေမှာပဲ။ ဒါဟာ သဘာဝတရားကြီးရဲ့ ဒီအလှတရားကို ဖျက်လို ဖျက် ဆီးလုပ်လို့မရဘူး။ ဘာပဲဖြစ်ဖြစ် ၂ဝ၁၅ရဲ့ ပိတောက်ပွင့်တဲ့မုခ်ဦးအဝကိုတော့ တို့တွေ လှလှပပလှမ်း ကြည့်ချင်တယ်။ လှမ်းမြင်ချင်တယ်။ လှမ်းပြီးအ တူတူသွားချင်တယ်။ အဲဒီ ၂ဝ၁၅ မုခ်ဦးအဝမှာ သူငယ်ချင်းရေ တို့တွေ အတူတူလှမ်းခဲ့ကြတယ်။ တို့အတူတူ စင်မြင့်ပေါ်မှာ ရင်ခုန်ခဲ့ကြတယ်။ တို့ အတူတူသံချပ်တွေတိုင်ခဲ့ကြတယ်။ သူ ငယ် ချင်းကုသိုလ် ကတော့တို့ကို ဝမ်းနည်းစွာနဲ့ထားရစ်ခဲ့ပြီ။ ကုသိုလ်  ကောင်းရာသုဂတိလားပါစေ။ နှစ်သစ်မှာ အမှန်တရားတွေနဲ့ လူတိုင်းကျန်းမာရွှင်လန်းအလှ ပန်းတွေ ဖူးပွင့်နိုင်ကြပါစေဓ လို့ဆုခြွေစကားဆိုရင်း၂ဝ၁၅ ခု နှစ်၊နှစ်သစ်ကူးလတန်ခူးအတာ သင်္ကြန်အကြိုတင်ဆက်မှုအဖြစ် ” လမြတ်တန်ခူးပိတောက်ဖူးပွင့် တူရွှင်နွှဲပျော်ရေ သ ဘင်ပွဲတော်” အထူးပြုကဏ္ဍဧည့်သည်အယ်ဒီတာစကားကို အဆုံးသတ်လိုက်ရပါတော့တယ်။
 ဗေလုဝ
Source:http://www.popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment