ရန်ကုန် ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက် မင်းဓမ္မလမ်းမကြီးပေါ်၌ ဧပြီ ၄ ရက် ညဥ့်ဦးသန်းခေါင်ယံက ကုန်ပါသော ကင်တာ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်သွားကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှထွေး ယာဉ်မှုစစ် ဒုရဲအုပ် စောဇော်မင်းဦးတို့ ရောက်ရှိစစ်ဆေး မှုပြုလုပ်ရာ7I-/.... ကရိန်းတပ် ၁၄ ပေကင်တာ အဖြူ ရောင်မော်တော်ယာဉ်သည် ကေဘယ်လ်ကြိုးဘီးလုံးကြီး များတင်ဆောင်၍ မင်းဓမ္မလမ်းအတိုင်း မြောက်မှတောင် သို့မောင်းနှင်လာစဉ် စက်သုံးဆီဆိုင်ရှေ့အရောက် သန့်စင် (၄)လမ်းထိပ်အနီးအရှိန်မထိန်းနိုင်ဘဲ ယာဉ်မောင်း၏ ယာဘက်သို့ တိမ်းမှောက်သွားခဲ့ကြောင်းနှင့် ယာဉ်ပေါ်ပါ အမျိုးသားသုံးဦး အနည်းငယ်ဒဏ်ရာ (မစိုးရိမ်ရ)ဖြင့် အင်းစိန်ဆေးရုံ အရေးပေါ်ကုသဆောင်သို့ တင်ပို့ကုသ ခံယူလျက်ရှိကြောင်း သိရသည်။
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments:
Post a Comment