အမြန်လမ်းပေါ်မှာ ရွှေစကြ်ာ Express နှင့် မန်းရာဇာ Express တိုက်မိတိမ်းမှောက်





ရန်ကုန်-မန္တလေး အမြန်လမ်း မိုင် ၁၂၀/၂-၃ ကြား ယာဉ်မတော်တဆမှုဖြစ်ပွားခြင်း

(၅.၄.၂၀၁၅) ရက်နေ့ ည (၂၃း၃၀)နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (အသွားလမ်း) မိုင်တိုင်အမှတ်(၁၂၀/၂)နှင့်(၁၂၀/၃)ကြားတွင် ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း၊ ဦးထွန်းလှိုင်၊ (၃၇)နှစ် မောင်းနှင်လာသော ၃င/xxxxမန်းရာဇာ Express ယာဉ်သည် ရှေ့မှ ယာဉ်မောင်း၊ ဦးဇင်မင်းထွန်း (ထွက်ပြေးတိမ်းရှောင်) မောင်းနှင်နေသော 2H/xxxx ၊ ရွှေစကြ်ာ Express ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ပဲရွှေစကြ်ာ Express ယာဉ်၏ နောက်ပိုင်းအား တိုက်မိပြီး မန်းရာဇာ Express ယာဉ်မှာလမ်းယာဘက် မြေသားလမ်းဘေးရှိမြောင်းထဲသို့ ထိုးကျရပ်တန့်သွားခဲ့ပြီး ရွှေစကြ်ာ Express ယာဉ်မှာလမ်းမကြီးပေါ်၌ ဘေးတစောင်း တိမ်းမှောက်သွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် မန်းရာဇာ Express ယာဉ်တွင်းကျား(၂၇)ဦး၊ မ(၁၆)ဦး၊ ပေါင်း (၄၃)ဦးပါရှိသည့်အနက် ကျား(၁)ဦး၊ မ(၂)ဦး၊ ပေါင်း(၃)ဦးမှာ (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး ရွှေစကြ်ာ Express ယာဉ်ပေါ်တွင် ကျား(၁၅)၊ မ(၁၁)ဦး၊ ပေါင်း (၂၆)ဦးအနက် သံဃာ(၁)ပါး၊ ကျား(၁၁)၊ မ(၅)ဦး၊ ပေါင်း (၁၇)ဦးတို့မှာ(မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့ပါသည်။

ဖြစ်စဉ်မှာရွှေစကြ်ာ Express ယာဉ်မှာညာဘက်ယာဉ်ကြောမှလည်းကောင်း၊ အရိန္ဒမာ Express ယာဉ်မှာဘယ်ဘက်ယာဉ်ကြောမှလည်းကောင်းမောင်းနှင်ပြီး ရုတ်တရက် အရှိန်လျော့ကာယှဉ်၍ရပ်ပြီးယာဉ်မောင်းချင်းစကားပြောနေစဉ် ၄င်းယာဉ်(၂)စီးနောက်မှ ပါရှိလာသောမန်းရာဇာ Express ယာဉ်မှာရပ်တန့်ရန် အရှိန်မထိန်းနိုင်တော့ဘဲလမ်းမကြီးယာဘက် မြေသားလမ်းပေါ်သို့ ရှောင်းတိန်းမောင်းနှင် ရာမှ ရွှေစကြ်ာ Expressယာဉ်၏ နောက်ပိုင်းယာဘက်ခြမ်းအား မန်းရာဇာ Express ယာဉ်၏ ရှေ့ပိုင်း ၀ဲဘက်ခြမ်းနှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ ရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ စေတနာ့ဝန်ထမ်းများမှ အခင်းဖြစ်နေရာသို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ဒဏ်ရာရရှိသူများအား ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ၄င်းယာဉ်မတော်တဆမှုဖြစ်စဉ်အား ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိပါသည်။

Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment