သိန်းနီမြို့နယ်မှာ ယာဉ်တိမ်းမှောက် (၂)ဦးသေ၊ (၁၅)ဦးဒဏ်ရာရ

 ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ကွန်ကရစ်တံတားအား ဝင်ရောက်တိုက်မိကာ ချောက်အတွင်းသို့ထိုးကျတိမ်းမှောက်၍ (၂)ဦးသေ၊ (၁၅)ဦးဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၁၂

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်၊ သိန်းနီမြို့နယ်၊ တန့်ဆော်ကျေးရွာအနီး၊ သိန်းနီ-ကွမ်းလုံကားလမ်း၊ မိုင်တိုင်အမှတ်(၂၂/၂၃)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ နမ့်စလပ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ သိန်းနီဘက်မှ နမ့်စလပ်ဘက်သို့ လားရှိုးမြို့၊ ရပ်ကွက်(၇)နေ ဝင်းထွဋ်လင်း(၄၁)နှစ်မောင်းနှင်ပြီး ခရီးသည်(၁၆)ဦးလိုက်ပါလာသော ၄စ/xxxx မစ်ဆူဘီရှီမီနီပစ်ကပ် အဖြူရောင် ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ကွန်ကရစ်တံတား၏ယာဘက်ခြမ်းအား ဝင်ရောက်တိုက်မိကာ အနက်(၁၅)ပေခန့်ရှိချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဝင်းထွဋ်လင်းနှင့် ယာဉ်ပေါ်ပါခရီးသည် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြိုင်သာယာကျေးရွာနေ ဇော်ဇော်မြင့်(၁၇)နှစ်တို့ ၂ ဦးတွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ရမည်းသင်းမြို့နယ်၊ ပျားစီကျေးရွာနေ အောင်လွင်(၃၃)နှစ်ပါ ကျား ၁၄ ဦး၊ မ ၁ ဦး၊ စုစုပေါင်း(၁၅)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် လားရှိုးမြို့ပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ဝင်းထွဋ်လင်းအား နမ့်စလပ်နယ်မြေရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment