နွားထိုးကြီးမြို့နယ်မှာ ယာဉ်တိမ်းမှောက် (၃)ဦးသေ၊ (၁၆)ဦးဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၁၂

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ နံနက် ရ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝဲလူးကျေးရွာနှင့် ကျွန်းဒေါင့်ကျေးရွာကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဝက်လူးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 စစ်ဆေးချက်အရ နွားထိုးကြီး-မြို့သာမြေသားလမ်း ကျောက်ခင်းရန် မြို့သာမှ လမ်းခင်း ကျောက်များတင်ဆောင်ကာ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေ ဝိုင်းအောင် (၂၂)နှစ် မောင်းနှင်လာသည့် ၉ခ/xxxx နီဆန်းအပြာရောင်(၁ဝ)ဘီးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် နွားထိုးကြီးမြို့နယ်၊ ကျွန်းဒေါင့်ကျေးရွာနေ ဒေါ်အေးစန်း(၄၇)နှစ်ပါ ၃ ဦး တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး တစ်ရွာတည်းနေ ဘိုဘိုအောင်(၂၉)နှစ်ပါ ကျား ၁ ဦး၊ မ ၁၅ ဦး၊ စုစုပေါင်း(၁၆)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဝက်လူးတိုက်နယ် ဆေးရုံ၊ မြင်းခြံပြည်သူ့ဆေးရုံနှင့် မန္တလေးပြည်သူ့ဆေးကြီးတို့သို့ အသီးသီး ကူညီပို့ဆောင်ပေးခဲ့ပြီး ဝိုင်းအောင်အား ဝက်လူးနယ်မြေရဲစခန်း ယာဉ်(ပ)၈/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment