လူသွားလူလာများတဲ့ နေရာတစ်ခုက ရေပန်းအောက်မှာ အဝတ်အစားတွေချွတ်၊ ရေချိုးခဲ့တဲ့ တရုတ်နိုင်ငံမှ ချစ်သူစုံတွဲဟာ လမ်းသွားလမ်းလာတွေကို အံ့သြစေခဲ့ပါတယ်။ ယင်းချစ်သူစုံတွဲကို Wuhan Optical Valley လမ်းဆုံရေပန်းအောက်မှာ ပုံမှာ မြင်ရတဲ့အတိုင်း ဆပ်ပြာ၊ ခေါင်းလျှော်ရည်တွေနဲ့ သေသေချာချာကို ရေထိုင်ချိုးနေတာ မြင်ရတာပါ။
သူတို့ လုပ်ရပ်တွေကြောင့် အများပြည်သူ အာရုံစိုက်မှုရစေခဲ့တယ်ဆိုတာကတော့ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ၁၀ မိနစ်ခန့် စိမ်ပြေနပြေ ရေချိုးပြီးတဲ့နောက် လုံခြုံရေး အစောင့်တွေ ရောက်လာပြီး လာရောက်နှင်ထုတ်တာကို ခံခဲ့ရတာပါပဲ။ ယင်းချစ်သူတွဲ ဒီလိုလုပ်ရပ်တွေ ဘာကြောင့်လုပ်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘူးလို့ဆိုပါတယ်။
Ref: Lollipop
Source:trend.com.mm

0 comments:
Post a Comment