“အရပ်ရှည်ပြီးလှပတဲ့ အမျိုးသမီးတွေ” ကိုရှာဖွေဖို့ တရားဝင်စေခိုင်းခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်


မြောက်ကိုရီးယား အာဏာရှင်ကြီး ကင်ဂျုံအွန် ဟာ သူ့ရဲ့ဖခင်နဲ့ အဖိုးရဲ့ အစဉ်အလာကြီးမားတဲ့ တပ်ပေါင်းစုတစ်ခုဖြစ်တဲ့ အမျိုးသမီးတွေပဲပါဝင်တဲ့ ဧည့်ကြိုစစ်တပ် ဖွဲ့စည်းတဲ့ အရိုက်အရာ ကိုဆက်ခံလိုက်ပါပြီ။
တောင်ကိုရီးယား သတင်းစာတစ်စောင်က ဖော်ပြခဲ့တာကတော့ တစ်တိုင်းပြည်လုံး ငတ်နေချိန်မှာ ဇိမ်ခံ ပစ္စည်းတွေနဲ့ နေထိုင်နေတဲ့ အာဏာရှင်ကြီးဟာ အမျိုးသမီးငယ်တွေကို သူ့ရဲ့ ညွှန်ကြားချက်တွေကို ခိုင်းစေနိုင်ဖို့ အတွက် ၊ သူ့ရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် အမျိုးသမီးငယ်တွေကို စည်းရုံးပြီး လူစုနေတယ်လို့ သိရပါတယ်။
ကင်ဂျုံအွန်ဟာ သူအာဏာ ရလာခဲ့တဲ့ ၂၀၁၁ ခုနှစ်က စတင်ပြီး သူ့ရဲ့ဖခင် လက်ထပ်မှာ ဖျော်ဖြေနေခဲ့ရတဲ့ အမျိုးသမီး အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။
ဒါပေမယ့် အခုလက်ရှိမှာတော့ အဆိုတော့ Ri Sol-ju နဲ့ လက်ထပ်ပြီး သမီးလေးတစ်ယောက် မွေးထားတဲ့ ကင်ဂျုံအွန်ဟာ “အရပ်ရှည်ပြီးလှပတဲ့ အမျိုးသမီးတွေ” ကိုရှာဖွေဖို့ တရားဝင် စေခိုင်းခဲ့ပါတယ်။
ခိုင်လုံတဲ့ သတင်းတွေအရတော့ ထို အမျိုးသမီးတွေဟာ ပြုံယမ်း မြို့တော်မှာရှိတဲ့ Koryo ဟိုတယ်မှာ အထူးလေ့ကျင့်ရေးတွေ ပြုလုပ်ဖို့ စုရုံး ရောက်ရှိနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။
ကင်ဂျုံအွန်ဟာ မြို့တော် ပြုံယမ်းအတွင်းက ကြီးမားတဲ့ အိမ်ရာကြီး အပါအ၀င် လေယာဉ်ပစ် အမြှောက်များ ၊ ဒုံးကြည်များ အပြည့် တပ်ဆင်ထားတဲ့ နန်းတော် ၁၇ လုံး ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
Ref:mirror.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment