ပညာရပ်ဆိုင်ရာများ နှင့် အနုပညာပေါင်းစပ် တင်ဆက်ရသည်ကို သဘောကျကြောင်း ပြောသည့် တေးရေး မြင့်မိုးအောင်


မတ်လ ၁၄ရက်နေ့တွင် ကျရောက်မည့် ” ကမ္ဘာ့မြစ်ကြီးများနေ့” အတွက် ရည်ရွယ်ကျင်းပသော “သက်ရှိမြစ်များ” ဂီတ..အနုပညာပညာရပ်ဆိုင်ရာတင်ဆက်ဖွင့်ဆိုပွဲတွင် ပါဝင်ခဲ့သည့် တေးရေးမြင့်မိုးအောင်က အဆိုပါပွဲနှင့် ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိကျေနပ်အားရမှုရှိ ကြောင်း ပြောပြခဲ့သည်။
” ကျွန်တော့် အနေနဲ့ကတော့ ဒီအတိုင်းအတာ တစ်ခုအထိလုပ်ရတာကို ကျေနပ်ပါတယ်။ အချိန်အတိုင်းအတာအတိုအတွင်းမှာ အများကြီးလုပ်ကြရတော့  ပန်းချီဆိုလည်း ပန်းချီဘက်မှာ၊ ဓာတ်ပုံဆိုလည်း ဓာတ်ပုံဘက်မှာစတဲ့ ဆိုင်ရာဆိုင်ရာ ကဏ္ဍတွေမှာအနည်းအကျဉ်း တော့ လိုအပ်ချက်တွေရှိနိုင် ပါတယ်။ ဒါပေမဲ့ ဒီအတိုင်း အတာ အတွင်းမှာ ဒီလောက် အထိလုပ်နိုင်တာမို့လို့ ကျေ နပ်ပါတယ်။ နောက်တစ်ခါ ဆိုကြ၊ တီးကြတဲ့ ကိုလင်းလင်း တို့၊ တေးရေးဆရာစောခူဆဲတို့ အပါအဝင်တေးသံရှင်တွေ၊ တီးဝိုင်းတွေ အားလုံးလည်း အတတ်နိုင်ဆုံး၊ အချိန်တို အတွင်းမှာ အကောင်းဆုံး လုပ်ဆောင်သွားနိုင်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
” ကျွန်တော်တို့အတွက်ကတော့ ဧရာဝတီဟာ သက်မဲ့ အရာတစ်ခုမဟုတ်ပါဘူး။” ဟူသောစာသားကိုအနုပညာ ရသမြောက်စွာ ဖန်တီးနိုင်ခဲ့ပြီး ပြန် လည်ဝေ မျှပေးနိုင် သည့်အပေါ် ပြန်လည် ပြောပြသည့် တေးရေးမြင့်မိုးအောင်က ” နဂိုတုန်းက “သက်ရှိမြစ်” ဆိုပြီး သီချင်းအက်ဆေးတစ်ခုကို ကျွန်တော်စပြီး လုပ်ဆောင်ခဲ့ပါတယ်။ သီ ချင်းေ တွချည်းပဲ သက်သက်ဆိုရင် လူတွေက နားထောင်ရုံ သက်သက်အရသာပဲဖြစ်မယ်။ နောက်တစ်ခါ စကားပြောရုံ သက်သက်ပဲဆိုရင် ဆွဲဆောင်မှုက တစ်မျိုးလျော့နိုင် တာမို့ လို့ ပြောတဲ့ အိုင်ဒီယာနဲ့ သီချင်းနဲ့ ပေါင်းစပ်ပြီးတော့ သီချင်းအက်ဆေးဆိုပြီး ဆောင်ရွက်ခဲ့တာပါ။ အဲဒီအထဲမှာ သီချင်း ၃ ပုဒ်ပါဝင်ပါတယ်။ ” ရာဇဝင်များရဲ့ သတို့ သမီးရယ်” ၊ “မျှော်လင့်ချက်ကမ်းခြေ” ရယ်၊ “သက်ရှိမြစ်” ရယ်ပေါ့။ အဲဒါက အရင်တုန်းက Audio  အနေနဲ့ ထုတ်ခဲ့ဖူးတယ်။ You Tube  မှာလည်း ပျံ့နှံ့ခဲ့ဖူးပါတယ်။ ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာလည်း ဖော်ပြခဲ့ဖူးပါတယ်” ဟု ပြောပြသည်။
ဂျူးဖောင်ဒေးရှင်းမှ ပြုလုပ်သော အဆိုပါပွဲမျိုးတွင် နောက်ထပ်လည်း ပါဝင်သွားဦးမည်ဟုဆိုသည့် တေးရေး မြင့်မိုးအောင်က ပညာရပ်ဆိုင်ရာများနှင့် အနုပညာပေါင်း စပ် ပြု လုပ်တင်ဆက်ရသည်များကို အားရကျေနပ်မိ ကြောင်းလည်း ပြောပြခဲ့သည်။ ” အသိပညာဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးချက်တွေနဲ့ အနုပညာ ဆိုင်ရာ ဖော် ထုတ် မှုတွေနဲ့ ပေါင်းစပ်မှုကို ကျွန်တော်က သဘောကျတယ်။ အားလည်း အားရတယ်။ ပညာရပ်ဆိုင်ရာတွေ ချည်းပဲဆိုရင် တစ်ခါတလေ ကျတော့ ရသသဘော မပါတဲ့ အတွက် အားနည်းတယ်။ ရသ အနုပညာတွေချည်းပဲပြလို့ရှိရင်လည်း ပညာရပ်ဆိုင်ရာတွေ ပျောက်သွားတယ်။ အဲဒီနှစ်ဖက်စလုံးကို အပြည့်အဝ  ပေါင်းစပ်နိုင်တဲ့ အတွက်ကျေနပ် ပါ တယ်။” ဟု တေးရေး မြင့်မိုးအောင်ထံမှ သိရှိရသည်။
  မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment