စာပေဟောပြောပွဲတွေက ဟောပြောသူတွေရော နားထောင်သူပါ အကျိုးရှိစေတယ်ဆိုတဲ့ နိုင်ဇော်(Lazy Club)


Lazy Club ရဲ့ ဂစ်တာသမား နိုင်ဇော်က ဂစ်တာတီးခြင်း အနုပညာအပြင် စာရေးသားခြင်းအနုပညာကိုလည်း ခုံမင်သူဖြစ်သလို၊ သူ့ရဲ့အသိအမြင်များကိုလည်း ရံဖန်ရံခါ မှာ ဟောပြောပွဲများမှတစ်ဆင့် ပရိသတ်ထံ မျှဝေပေးနေသူလည်း ဖြစ်ပါတယ်။ ဂစ်တာသမား နိုင်ဇော်အနေနဲ့ စာပေဟောပြောပွဲတွေမှာ ဟောပြောတဲ့အခါ ဘာတွေကို အဓိက ဟောပြောဖြစ်လဲဆိုတော့
” အကြောင်းအရာအားဖြင့်ကတော့ ဟောပြောပွဲ ဖိတ်ခေါ်သူတွေရဲ့ ခေါင်းစဉ်ပေါ်မူတည်ပြီး ပြောဖြစ်တယ်။ ပရဟိတဆိုလည်း ပရဟိတပေါ့။ တစ်ခါတစ်ခါကျတော့လည်း စာဖတ်စွမ်းရည်မြှင့်တင်ရေးစသဖြင့်ပေါ့။ ရောက်တဲ့မြို့ မှာ သူတို့ပြောတဲ့အကြောင်းအရာခေါင်းစဉ်နဲ့ လိုက်အောင်ပြောဖြစ်တယ်။ ကျွန်တော်က ဂီတသမားလည်းဖြစ်တော့ များသောအားဖြင့် ဂီတအကြောင်း အမှတ်တရလေးတွေ ထည့်ထည့်ပြောဖြစ်တော့ အဆင်ပြေတယ်။ အဓိကတော့ ဂီတအကြောင်းနဲ့ စာပေအကြောင်းကို main ထားပြီးပြောပါတယ်” လို့ နိုင်ဇော်က ပြောပါတယ်။ ခုလို ဟောပြောပွဲတွေကတစ်ဆင့် ပရိသတ်ကို အသိအမြင်ပေးနိုင်ဖို့ အတွက် ကိုယ်တိုင်ကော ဘယ် လိုတွေ လေ့ လာဖြစ်လဲဆိုတော့ နိုင်ဇော်က ” အဓိကကတော့ စာဖတ်ရတာပေါ့။ ဒါပေမဲ့ ခုနောက်ပိုင်းက အလုပ်လည်းတောက်လျှောက်များနေတော့ ဖုန်းထဲကနေပဲ အင်တာနက်က ဖတ်ပြီး ဗဟုသုတပြန်ယူရတာပေါ့။ တစ်ခုရှိတာက လူဆိုတာ စာဖတ်မယ့်အချိန်နဲ့ သိတာကိုမျှ ဝေရမယ့်အချိန်ဆိုတာရှိတယ်။ ဥပမာထမင်းစားပြီးတော့ ကိုယ့်ထဲမှာ ရှိတာ စွန့်မထုတ်ရင် ကျန်းမာရေးနဲ့ မညီညွတ်သလိုပေါ့။ စာဆိုတာ ကောင်းတာတော့ ကောင်းတယ်။ ဒါပေမဲ့ ဒါကိုသိပြီး သိမ်းထားရင်လည်း နောက်တစ်ခု မတိုးတက် ဘူး။ ခေါင်း ထဲမှာ Fill Up မြန်မြန်လုပ်ပေးရတဲ့ သဘောပေါ့။ ကိုယ်သိသမျှ Share ပေးလိုက်ရင် နောက်ထပ်အသိအတွေးအမြင်တွေ ထပ်ရတာပေါ့။
ကိုယ်ချည်းပဲသိပြီး ပြန်မှ Share ပေးလို့မရဘူး။ ကိုယ်က ပြောလိုက်တဲ့အတွက် ပေါ့သွားပြီး နောက်ထပ်အသစ်အသစ်တွေ လေ့လာမှုအတွက်လည်း အကျိုးရှိတာပေါ့။ အကျိုးနှစ်ခုရှိတာပေါ့။ ဟော ပြောသူရော နားထောင်သူရောအတွက်ပါ။ အကျိုးရှိပါတယ်” လို့ နိုင်ဇော်က ပြောပါတယ်။လက်ရှိစာပေဟောပြောပွဲများနဲ့ ပတ်သက်ပြီး လည်း နိုင်ဇော်က ဆက်လက်ပြီး သူ့ရဲ့အမြင်ကို ” အားလုံးက နာမည်ကြီးတယ်ဆိုရင် ဒါကိုပဲ ဝိုင်းခေါ်ကြတော့ ဟောပြောမှုတွေက တစ်ယောက်နဲ့ တစ်ယောက် ထပ်နေ တယ်။ ခေါင်းစဉ်အောက်မှာ ပြောတာတော့ မှန်တယ်။ ဒါပေမဲ့ တစ်ယောက်လာလည်း ဒီအကြောင်းအရာဆို ရင်တော့ ကျွန်တော်လည်း မကြိုက်ဘူး။ တ ကယ်ေ တ်ာပြီးတော့ ဟောပြောပွဲ စင်မြင့်တွေပေါ်မှာ မမြင်ရတဲ့ စာရေးဆရာကြီးတွေအများကြီးရှိပါတယ်။ သူတို့ကိုလည်း မြင်ချင်ပါတယ်” လို့ နိုင်ဇော်က ပြောပြီး ” ကျွန်တော့် အနေနဲ့ စာနယ်ဇင်းပွဲတွေမှာဆိုလည်း နောင်တက်လာတဲ့ မျိုးဆက်သစ်တွေအနေနဲ့လည်း ဗဟုသုတရအောင် အတွေ့အကြုံလေး တွေမျှမျှပြောဖြစ်ပါတယ်။ ဒါကတကူး တကပြော ဖို့လည်းလွယ်တာမဟုတ်တော့ ပြောလို့ရတဲ့ အချိန်လေးမှာရသလောက် အသိပညာတွေမျှဝေပေးပါတယ်။ ကျွန်တော်တို့ဘက်ကလည်း သိသလောက် မျှေ ဝပေးပါတယ်။ လူငယ်တွေဘက်ကလည်း ပေးသမျှယူတတ်ဖို့လိုပါတယ်” လို့ နိုင်ဇော်က ပြောပြခဲ့ပါတယ်။
ရဲရဲ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment