![]() |
| ပိုးသတ်ဆေးသောက် ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ - smp) |
တက္ကဆီကား ငှားရမ်းမှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်ကို ဆန္ဒပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဧပြီ ၄ ရက်က နံနက် ၁၁ နာရီလောက်မှာ ၀ယ်ဖူဂျင်း ဈေးဝယ်ဆင်တာရှေ့မှာ လူ ၁၀ ဦးဟာ ပိုးသတ်ဆေး သောက်ပြီး လဲပြိုသွားတယ်လို့ ဘီဂျင်းရဲတပ်ဖွဲ့ ဘလောဂ့်ကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းမှာ ရေးပါတယ်။
အားလုံးကို ဆေးရုံကို တင်ပို့ခဲ့ရသလို သေဆုံးသူမရှိဘူးလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။
ဒီဆန္ဒပြမှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေဟာ တရုတ်လူမှုရေးကွန်ရက်မှာ ပျံ့နှံ့သွားပါတယ်။
တရုတ်နိုင်ငံက အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံရာမှာ ပိုးသတ်ဆေးကို သောက်သုံးလေ့ရှိတယ်လို့ ဆိုပါတယ်။
လူတွေက ခံစားရတာတွေကို ဗဟိုအစိုးရထံတင်ပြလေ့ရှိပေမယ့် ဆန္ဒပြ တင်ပြသူတွေကို ဖမ်းဆီးပြီး တရားစွဲဆိုတာကို ရင်ဆိုင်ရတယ်လို့ သတင်းက ရေးပါတယ်။
တချို့ဆန္ဒပြသူတွေက သူတို့ရဲ့ ဖြစ်ရပ်တွေကို လူတွေ သတိထားမိအောင် သေကြောင်းကြံလေ့ရှိတယ်လို့ ဆိုပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no

0 comments:
Post a Comment