ကြိုးလေးတစ်ချောင်းတည်းနဲ့တင် ၀မ်းဗိုက် ကြွက်သားတွေ ကြီးထွားလာမှုကို ကာကွယ်နိုင်


ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို ဖယ်ရှားဖို့အတွက် အားလုံးပြောနေကြတဲ့ အသီးအရွက်တွေနဲ့ အဆီကျဆေးတွေကို မေ့လိုက်ပါ။ တစ်ကယ်တော့ ကြိုးလေးတစ်ချောင်းတည်းနဲ့တင် ဖြစ်နိုင်ပါတယ်။
ခန္ဓာဗေဒ ကျွမ်းကျင်သူတွေ ပြောတကတော့ ကြိုးတစ်ချောင်းကို ဗိုက်နေရာမှာ ချည်နှောင်ထားခြင်းဟာ လူတစ်ယောက်ကို ၀မ်းဗိုက် ကြွက်သားတွေ ကြီးထွားလာမှုကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ခန္ဓာဗေဒ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ Sammy Margo ဆိုသူ အမျိုးသမီးရဲ့ ပြောကြားချက်အရ သူမရဲ့ ကြိုးတစ်ချောင်းလမ်းစဉ်ဟာ လူတွေရဲ့နေ့စဉ်ဘ၀ မှာ ကျင့်သုံးဖို့ သင့်တော်ကြောင်း ပြောကြားခဲ့ပါတယ်။
“ကြိုးတစ်ချောင်းကို ယူပြီး သင့်ရဲ့ဗိုက်ကြွက်သားတွေကို လျှော့ချကြည့်လိုက်ပါ။ ၅၀ ရာခိုင်နှုန်းခန့် တင်းနေအောင် ချည်နှောင်ထားရင် သင့်ရဲ့ ဗိုက်သား ကြွက်သား တိုးပွားမှု ၅၀ ရာခိုင်နှုန်း လျော့ကျသွားမှာပါ။” လို့ Margo ကဆိုပါတယ်။
ကြိုးရဲ့တင်းအားဟာ ကြွက်သားတွေရဲ့တောင့်တင်းမှုကို သတိပေးနိုင်ပါတယ်။ ထို လှုပ်ရှားမှုကို တစ်နေ့လုံး လုပ်နိုင်သမျှ  လုပ်ပေးသင့်တယ်လို့ သိရပါတယ်။ ထိုနည်းလမ်းဟာ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အခက်အခဲ ရှိသူတွေအတွက် တက်ကြွနေစေဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုကဲ့သို့ နေ့စဉ် လုပ်ဆောင်ပေးခြင်းဟာ တစ်ပတ်ကို ၃ ရက်လောက် အားကစားခန်းမမှာ သွားပြီး လေ့ကျင့်ခန်းလုပ်တာနဲ့ ညီမျှတယ်လို့ သိရပါတယ်။
Ref:dailymail.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment