ဆီးရီးယားရဲ့ ဓာတ်ငွေ့တိုက်ခိုက်မှုကို ကြည့်ပြီး ကုလကိုယ်စားလှယ် ငို

ကလိုရင်း ဓာတ်ငွေ့တိုက်ခိုက်မှုကနေ ပြန်ကောင်းလာသူ လူငယ်တစ်ဦး (Credit: AFP) 
 ဆီးရီးယား ​နိုင်ငံ ​ပဋိပက္ခအတွင်း ​ဓာတ်ငွေ့နဲ့ ​တိုက်ခိုက်မှုတွေ ​ဖြစ်ပေါ်ခဲ့ပြီး ​အဲဒီလို ​တိုက်ခိုက်မှုမှာ ​ဓားစာခံ ​ဖြစ်သွားတဲ့ ​ကလေးငယ် ​၃ ​ယောက်ကို ​ဆရာဝန်တစ်ဦးက ​အသက်ကယ်ဖို့ ​ကြိုးစားတဲ့ ​ဗီဒီယိုကို ​ကြည့်ပြီး ​ကုလသမဂ္ဂ ​ကိုယ်စားလှယ်တွေ ​ငိုယိုခဲ့ကြပါတယ်။

အသက် ​၁ ​နှစ်၊ ​၂ ​နှစ်နဲ့ ​၃ ​နှစ် ​အရွယ် ​ကလေးငယ်နဲ့ ​ကလေးတွေရဲ့ ​မိဘနဲ့ ​အဖွားဟာ ​မတ်လ ​၁၆ ​ရက်မှာ ​ဖြစ်ခဲ့တဲ့ ​တိုက်ပွဲတစ်ခုအတွင်း ​သေဆုံးခဲ့ရပါတယ်။

အဲဒီ ​ကလေးငယ်နဲ့ ​သူတို့ ​မိသားစုဝင်တွေဟာ ​Idlib ​ပြည်နယ်က ​ဖြစ်ပြီး ​ဓာတ်ငွေ့တွေနဲ့ ​တိုက်ခိုက်ခံခဲ့ရတာ ​ဖြစ်ပါတယ်။

အဲဒီကလေးငယ်တွေ ​ဆေးကုသမှု ​ခံယူခဲ့တဲ့ ​ဆေးရုံက ​ဒေါက်တာ ​Mohamed ​Tennari ​နဲ့ ​အဲလို ​ဓာတ်ငွေ့ ​တိုက်ခိုက်ခံရသူတို့က ​ကုလသမဂ္ဂကို ​လာပြီး ​အခြေအနေကို ​ရှင်းပြတဲ့အနေနဲ့ ​ဗီဒီယိုကို ​ပြသခဲ့တာ ​ဖြစ်ပါတယ်။

ဆီးရီးယား ​ပြည်တွင်းစစ်မှာ ​ဓာတုလက်နက် ​အသုံးပြုမှုတွေ ​ရှိတယ်ဆိုတာကို ​သက်သေပြ ​ကြတာ ​ဖြစ်ပါတယ်။

ဒီဗီဒီယိုကို ​ကြည့်ရှုတဲ့ ​အခန်းတွင်းက ​လူတွေ ​အားလုံး ​မျက်ရည်ကျခဲ့ရတယ်လို့ ​အမေရိကန် ​သံအမတ် ​Samantha ​Power ​က ​ပြောပါတယ်။

အမေရိကန်၊ ​ဗြိတိန်နဲ့ ​ပြင်သစ်ကတော့ ​ဆီးရီးယား ​အစိုးရဟာ ​ပြည်သူတွေအပေါ် ​ဓာတုလက်နက်တွေ ​ဖြစ်တဲ့ ​ကလိုရင်း ​ဓာတ်ငွေ့အသုံးပြုပြီး ​တိုက်ခိုက်တယ်လို့ ​စွပ်စွဲခဲ့ပါတယ်။

သက်သေတွေအရ ​အဲဒီ ​ဓာတ်ငွေ့တွေက ​ရဟတ်ယာဉ် ​ပေါ်က ​လာတာလို့ ​ပြသထားပါတယ်။

 ဆီးရီးယားမှာ ​ရဟတ်ယာဉ် ​ပိုင်ဆိုင်တာက ​ဆီးရီးယား ​အစိုးရပဲ ​ရှိတာကြောင့် ​အစိုးရ ​တပ်ကပဲ ​ပြည်သူတွေကို ​ဓာတုလက်နက်တွေနဲ့ ​တိုက်ခိုက်တာလို့ ​ပြောဆိုကြပါတယ်။

ဓာတုလက်နက်တွေကို ​ဆီးရီးယားက ​ဆက်လက် ​အသုံးပြုမယ်ဆိုရင် ​နိုင်ငံတကာက ​တုန့်ပြန်မယ်လို့လည်း ​သတိပေးလိုက်ပါတယ်။

ဆီးရီးယားရဲ့ ​မဟာမိတ်ဖြစ်တဲ့ ​ရုရှားကတော့ ​ဒီဓာတု ​လက်နက်တွေကို ​ဘယ်အဖွဲ့က ​အသုံးပြုသလဲ ​ဆိုတာကို ​သေချာ ​လေ့လာပြီး ​သက်သေတွေ ​အားလုံး ​ရှိပြီးမှသာ ​တုန့်ပြန်မှု ​လုပ်သင့်တယ်လို့ ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment