ချင်းတွင်းမြစ်အတွင်း လှိုင်းပုတ်ခတ်မှုကြောင့် ကူးတို့စက်လှေနစ်မြုပ်ပြီး (၅)ဦးပျောက်ဆုံးနေ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုက်လံရှာဖွေလျက်ရှိ
နေပြည်တော်၊ ဧပြီ ၁၂
၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကနီ မြို့နယ်၊ အိုင်သားကျေးရွာနေ မောင်ဇင်မင်းဖြိုး(၁၃)နှစ်မောင်းနှင်၍ အိုင်သားကျေးရွာ ရှင်ပြုအလှူပွဲမှ ပြန်လာသော ခရီးသည် ကျား ၂ ဦး၊ မ ၉ ဦး၊ စုစုပေါင်း(၁၁)ဦးလိုက်ပါလာသည့် အလျား(၂၂)ပေခွဲ၊ အနံ(၃)ပေ၊ စောက်(၁)ပေရှိ ဟွန်ဒါအမျိုးအစားအင်ဂျင်တပ် ကူးတို့စက်လှေသည် ချင်းတွင်းမြစ်အား ဖြတ်ကူးစဉ် မျှိုင်း(အနောက်)ကျေးရွာအနီး၊ ကမ်းစပ်နှင့် ပေ(၂ဝဝ)ခန့်အကွာသို့အရောက်တွင် ရေစီးသန်ပြီး လှိုင်းပုတ်ခတ်မှုကြောင့် စက်လှေတိမ်းမှောက်သွားခဲ့သည်။
အဆိုပါသတင်းအရ ကနီမြို့နယ်၊ ဝင်းမနား နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ စက်လှေပေါ်တွင် လိုက်ပါလာသူများအနက် မောင်ဇင်မင်းဖြိုး ပါ ကျား ၃ ဦး၊ မ ၄ ဦးအား အသက်ရှင်လျက်တွေ့ရှိရပြီး မျှိုင်း(အနောက်)ရွာနေ ဒေါ်မြင့်မြင့်စိုး(၃၇)နှစ်ပါ မ(၅)ဦး ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် အမှုဖွင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီး ပျောက်ဆုံးနေသူများအား ဝင်းမနားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မျှိုင်း(အနောက်)ကျေးရွာအုပ်ချုပ်ရေးမှူးဦးစီးသည့် ကျေးရွာသူ/သားများမှ မြစ်ကြောင်း တစ်လျှောက် လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
0 comments:
Post a Comment