ရန်ကုန်မြို့ရှိ အိမ်ရာလိုအပ်ချက်မြင့်မား အိမ်ငှားခမြင့်တက်မှုကို ဈေးကွက်စီးပွားရေးတွင် အစိုးရ ထိန်းချုပ် ပေး၍ မရနိုင်


ရန်ကုန် ဧပြီ ၅

ရန်ကုန်တွင် နှစ်စဉ်အိမ်ရာလိုအပ် ချက်မှာ တိုက်ခန်းပေါင်းနှစ်သောင်း ငါး ထောင်ခန့်ရှိနေသော်လည်း ဆောက်လုပ် ရေး စရိတ် ကြီးမားမှုကြောင့် တစ်နှစ်လျှင် တိုက်ခန်းပေါင်း ၇ဝဝဝ ခန့်ကိုသာ ဆောက်လုပ် နိုင်သည့် အတွက် အိမ်ရာလို အပ်ချက် မြင့်တက်လျက်ရှိပြီး ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံး နေခြင်းကြောင့် အိမ်ငှားခမြင့်တက်လာခြင်းကို အစိုးရက စံနှုန်းသတ်မှတ်ထိန်းချုပ်ပေး၍ မရကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တတိယ နေ့ ရန်ကုန်တိုင်း ဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုး ကပြောသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးတင်လှိုင်ကတိုင်းဒေသကြီးအတွင်း အခြေခံပြည်သူများနေထိုင်ရေး အခက် အခဲကြုံတွေ့နေရခြင်း၊ငှားရမ်းခမြင့်တက် နေခြင်းများအတွက် အစိုးရကစံနှုန်းဖြင့် ထိန်းချုပ်စီမံနိုင်ရန် အစီအစဉ်ရှိမရှိ ကြယ်ပွင့်ပြမေးခွန်းကိုပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံး နေသည့်အတွက် အိမ်ခန်းငှားခမြင့်တက် ခြင်းကို စံနှုန်းဖြင့်ထိန်းချုပ်နိုင်သော် လည်း ၁၉၆ဝ အိမ်ငှားရမ်းခြင်းဆိုင်ရာ ဥပဒေကို ခေတ်နှင့်အညီဖြစ်ရန်ပြင်ဆင် လျက်ရှိပြီး အိမ်ရာကဏ္ဍငွေကြေးစနစ် ထူထောင်နိုင်ရန်ပြင်ဆင်လျက်ရှိကြောင်း ဝန်ကြီးက ဆက်လက်ဖြေကြားသည်။

တည်ဆောက်လျက်ရှိသော လှိုင်သာ ယာ၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံတောင် ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းမြို့နယ် များရှိ တန်ဖိုးမျှတတိုက်ခန်းများကို တိုးမြှင့်ဆောက်လုပ်လျက်ရှိပြီး နှစ်ရှည် အရစ်ကျစနစ်များဖြင့်ရောင်းချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာစီမံ ကိန်းများဆောင်ရွက်ရန် ငွေကျပ်ဘီလီယံ ၂ဝ ကို မူလအသုံးစရိတ်ထက် ပိုမို တောင်းခံခဲ့ပြီး ထိုငွေအသုံးစရိတ်ကို ပြည် ထောင်စုအစိုးရကထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း လွှတ်တော်မှသိရသည်။

အေးချမ်းမိုး
The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment