လေပြင်းတိုက်ခတ်မှုကြောင့် ဖားကန့် ဒေသခံ ၁ ဦး သေဆုံး


ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဧပြီ ၅ ရက်နေ့ မနက်အစောပိုင်းက လေပြင်းတွေ ရုတ်တရက် တိုက်ခတ်ခဲ့တဲ့ အတွက် လူ ၁ ဦး သေဆုံးသွားခဲ့ပါတယ်။

တနင်္ဂနွေနေ့ မနက် ၃ နာရီလောက်မှာ လေပြင်း တိုက်ခတ်ခဲ့တဲ့ အတွက် ဖားကန့်မြို့ပေါ်မှာ ဓာတ်မီးတိုင်တွေ ပြိုလဲ ပျက်စီးသွားသလို အဆောက်အဦး တချို့လည်း ပျက်စီးသွားခဲ့ပါတယ်။

လေပြင်းတွေကြောင့် တဲပြိုကျ ပိမိပြီး ကချင်အမျိုးသားတိုးတက်ဖွံ့ဖြိုးရေး ကုမ္ပဏီ (ကေအန်ဒီပီ) အစောင့်တယောက် သေဆုံးသွားခဲ့တယ်လို့ ဖားကန့်မြို့ခံ ဦးလာဆိုင်းက ပြောပါတယ်။

“ဖားကန့်မြို့ထဲမှာ တော်တော်များများ ဓါတ်မီးတိုင်တွေရောလဲတယ်။ ကေအန်ဒီပီကုမ္ပဏီက အစောင့်ပေါ့။ သူတို့ရဲ့ အစောင့်တဲကျတော့ မြေပေါ်မှာ ပုံစံတဲ လုပ်ထားပြီး ကင်းစောင့် ပေးတာပေါ့နော်။ ညလေတိုက်တဲ့အခါကျတော့ တဲပိပြီးမှ သေသွားတယ်လေ။” လို့ ပြောပါတယ်။

လေပြင်းကြောင့် ဖားကန့်မြို့ပေါ်အပြင် အနီးနားက ရွာတွေဖက်မှာလည်း တော်တော်များများ ပျက်စီးသွားခဲ့ပြီး အပျက်အစီးတွေကို အာဏာပိုင်တွေက မနေ့မနက်ကတည်းက လိုက်လံရှင်း လင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment