ရာဇာနေဝင်းက ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးနေတဲ့ The Selfie ဇာတ်ကားကို စိုင်းလွှမ်း၊ ခင်ဝင့်ဝါတို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ရာဇာနေဝင်းက ဇာတ်ကားရိုက်ကူးမှုအပြင် တစ်ဖက်မှာလည်း တစ်ကိုယ်တော်စီးရီးကို ဇွန်လမှာ ထွက်ဖြစ်ဖို့အတွက် ကြိုးစားနေတယ်လို့ ပြောပါတယ်။ ” ကျွန်တော်သီချင်းခွေလေး စီစဉ်ဖြစ်နေတယ်။ တော်တော်များများတော့ ပြီးနေပြီ။ တစ်ပုဒ်ပဲ ကျန်တော့တယ်။ ဇွန်လမှာ ထွက်ဖြစ် နိုင်အောင်တော့ ကြိုးစားနေပါတယ်။ Owntune က သုံးပုဒ်လောက်ပါတယ်။ ကျွန်တော်ပြောတဲ့အကြောင်းအရာကို ကျွန်တော့်ညီတစ်ယောက်က ရေးသားပေးတာပါ။ သီချင်းပုံစံကအစုံပါ။ ကျန်တဲ့ အပုဒ်တွေက Copy တွေပါ။သီချင်း ၁၂ပုဒ်ပါမယ်။ အဓိကကတော့ ကျွန်တော်က ကြားထဲမှာ ၂နှစ်၊ ၃နှစ်လောက် နားလိုက်တဲ့အချိန်မှာ အော်ဂင်တီးတာ သင်လိုက်တယ်။ နုတ်စ်တတ်သွားတယ်။ အဆိုသင်တန်းကိုလည်း တစ်နှစ်ခွဲလောက်တက်လိုက်တဲ့အတွက် အရင်ကထက်စာရင် စနစ်တကျပိုပြီး ဆိုနိုင်သွားတဲ့ အခြေအနေရှိသွားတယ်။ အခုချိန်မှာဆိုလည်း ဆိုတတ်သွားပြီ။ များသောအားဖြင့် Single တွေကတော့ သီချင်းဆိုရင် သီချင်းဆိုတဲ့ သဘောတရားနဲ့ နုတ်စ်မှန်အောင် ဆိုတတ်ကြပါတယ်။ ကျွန်တော်ကတော့ သရုပ်ဆောင်လည်းဖြစ်တဲ့အတွက် သီချင်းစာသား ရဲ့ မု(ဒ်)ကို သူတို့ထက်ဆိုနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်” လို့ပြောပါတယ်။ ကိုယ့်ကြိုးစား အားထုတ်မှုပေါ်မှာ မူတည်ပြီး ပရိသတ်က ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်လို့ ရာဇာနေဝင်းက ဆိုပါတယ်။ ” အခုခေတ် အချိန်မှာက ကိုရာဇာတို့ ခေတ်နဲ့မတူတာက ဘာလဲဆိုတော့ အင်တာနက်ခေတ်လည်းဖြစ်တယ်။ ပရိ သတ်တွေအားလုံးက ခေတ်မီတဲ့သဘောတရားကိုလည်း သူတို့ကသိနေတယ်။ ဒီလူဘယ် လောက်ကြိုးစားလဲ၊ကောင်းတယ်၊မကောင်းဘူးဆိုတာကိုလည်း သူတို့သိတယ်။ အဓိကက တော့ကိုယ်ဘယ်လောက်ကောင်းအောင်နေမလဲ၊ဘယ်လောက်ထိကြိုးစားမယ်ဆိုတာပေါ် မူတည်ပြီးပရိသတ်ကကောင်းတယ်၊မကောင်း ဘူးဆိုတာကိုဆုံးဖြတ်ပေးသွားမှာပါ။အစ်ကိုက တော့အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ် ” လို့ပြောပါတယ်။
လွင်လွင်ထွန်း၊ ဓာတ်ပုံ-မင်းမင်းထွန်း
Source:popularmyanmar.com
0 comments:
Post a Comment