ဒါရိုက်တာစင်ရော်မောင်မောင်က သားဖြစ်သူမင်းသန့်မောင်မောင် ကျောင်းတက်ဖို့အတွက် အမေရိကကိုအတူလိုက်ပါသွားရာ အမေရိကမှာလည်းသားအတွက် အစစအရာ ရာလိုလေသေးမရှိအောင် စီစဉ်ပေးဖြစ်နေပါတယ်။ ” ကျွန်တော်တို့ မေလ ၁၂ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့ လေးကို ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် တို့ဟောလီးဝုဒ်ရပ်ကွက်မှာရှိတဲ့ Burbank က New York Film Academy Schoolr မှာ မင်းသန့်ကကျောင်း တက်ရမှာမို့လို့ အဲဒီနားဝန်းကျင်မှာ apartment ရဖို့ အတွက်လိုက်ရှာရတယ်။နှစ်ရက်သုံးရက်လောက် အချိန်ယူပြီး ရှာလိုက်ရတယ်။ နောက်ဆုံးတော့ apartment ရပါတယ်။ သက်ဆိုင်ရာ immigration ကိုလည်း သွားရပါတယ်။ KEA, Buy Easy, Ross Shopping Center တွေမှာလိုအပ်တဲ့ပစ္စည်းတွေဝယ်ရတယ်။ အစစ အရာရာလိုအပ်တဲ့အရာတွေအားလုံးကို ကျွန်တော်ရဲ့ ညီမမသီတာ၊ ကျွန်တော်သူငယ်ချင်းမသီတာဒွေး၊ Mr. Louis West နဲ့ Mrs Sandar West ၊ဦးဝင်းစိန်- ဒေါ်ဝင်းဝင်းဇနီးမောင်နှံ၊ ညီမ မသီတာနဲ့ ခင်ပွန်းကိုရောဘတ်တို့က ကူညီပေးကြပါတယ်။ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ရ ဆရာတော်ဘဒ္ဒန္တဧသကရဲ့ ဂုဏ်ပြုပူဇော်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ မေလ ၂ဝရက်နေ့မှာ ဦးဝင်းစိန်-ဒေါ်ဝင်းဝင်း ဇနီးမောင်နှံအိမ်မှာ ကျွန်တော်တို့ကို Welcome back ကြိုဆိုပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်” လို့ ဒါရိုက်တာစင်ရော် မောင်မောင်ကအွန်လိုင်းမှ တစ်ဆင့် ပြောပြခဲ့ပါတယ်။
လွင်လွင်ထွန်း
Source:popularmyanmar.com
0 comments:
Post a Comment