ပြည်ထောင်စုလွှတ်တော် မီဒီယာခန်း သတင်းထောက်များ ၀င်ခွင့်ပိတ်


 လွှတ်တော် ကိုယ်စားလှယ်တချို့ အိပ်ငိုက်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့နောက် ပြည်ထောင်စု လွှတ်တော်က မီဒီယာခန်းကို သတင်းထောက်တွေ ၀င်ရောက်ခွင့် မေ ၂၆ ရက်က  ပိတ်ပင်လိုက်ပါတယ်။

ကိုယ်စားလှယ်တွေ အိပ်ငိုက်နေတဲ့ပုံကို ဓာတ်ပုံရိုက်တာအပြင် တပ်မတော်သား ကိုယ်စားလှယ်ရဲ့ မဲပေးနေပုံကို ဓာတ်ပုံရိုက်တဲ့ အတွက်ကြောင့်လို့  ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောပါတယ်။

နိုင်ငံတကာ လွှတ်တော်တွေမှာလည်း ဒီအတိုင်းပဲဖြစ်သလို လောလောဆယ်မှာတော့ အခြေအနေက ဒီအတိုင်းရှိနေမှာဖြစ်ပြီး သူတယောက်တည်းလုပ်တာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အတွင်းရေးမှူး ကိုအောင်သူရက “ကျနော်တို့ ဖြစ်စေချင်တာက ဒီလိုလုပ်မယ်ဆိုရင်လည်း သတင်းထောက်တွေနဲ့ အရင် ညှိနှိုင်းစေချင်ပါတယ်။ ခုကတော့ ငါတို့ထားတဲ့နေရာမှာနေဆိုတဲ့ သဘောဖြစ်နေတယ်’’ လို့ ဒီဗွီဘီကို ပြောပါတယ်။

အရင်ကဆိုရင် လွှတ်တော်အစည်းအဝေးခန်းအပေါ် မီဒီယာခန်းက ကြည့်ရှုသတင်းယူနိုင်ပေမယ့် မေ ၂၆ ရက်မှာတော့ မီဒီယာခန်းအပြင်ဘက် ကော်ရစ်ဒါကနေ တိုက်ရိုက်ပြနေတဲ့ တီဗွီကတဆင့်ပဲ ကြည့်ရှုရတော့တာပါ။

ကိုအောင်သူရက “ကျနော်တို့က အိပ်နေရင်လည်း ရိုက်ပြရမှာပဲ၊ ရန်ဖြစ်နေရင်လည်း ရိုက်ပြရမှာပဲ။ တချို့ ကိစ္စတွေဆိုရင် ဆွေးနွေးတင်ပြနေတဲ့သူကို တိုက်ရိုက်ကြည့်နေဖို့လိုပါတယ်” လို့ ပြောပါတယ်။

 By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment