အထောက်အထား မရှိသော ဘင်္ဂါလီများကို NLD ပါတီဝင်အဖြစ် လက်ခံမည်မဟုတ်


 အထောက်အထား မရှိသော ဘင်္ဂါလီများကို ပါတီဝင် အဖြစ် လက်ခံသော မူဝါဒ NLD ပါတီတွင် မရှိကြောင်း ယင်းပါတီ၏ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးဉာဏ်ဝင်းက The Messenger Media သို့ ပြောသည်။

 ဘင်္ဂါလီများနှင့် ပတ်သက်၍ NLD ကို အထင် လွဲမှားမှုများ ရှိနေသောကြောင့် ပြောကြားခြင်း ဖြစ်ကြောင်းလည်း  ဦးဉာဏ်ဝင်းက ဆိုသည်။

 ““ကျွန်တော်တို့ ပြောလို့ရပါတယ်။ တစ်ပြည်လုံး အတိုင်းအတာအရ မရှိဘူးလို့၊ မူအားဖြင့်လည်း မရှိဘူး။ ဒါပေမဲ့ တစ်ပြည်လုံး အတိုင်းအတာနဲ့ လုပ်တဲ့အခါ တစ်ခု တလေတော့ ရှိချင်ရှိမယ်။ မူအားဖြင့် မရှိ ဘူး””ဟု ဦးဉာဏ်ဝင်း က ဆိုသည်။

 လှေစီးဒုက္ခသည် ကိစ္စနှင့် ပြောကြားချက်ကို တချို့က အထင်လွဲကြကြောင်း၊ သို့သော် နိုင်ငံတော် အစိုးရသည် ဘင်္ဂါလီတို့၏ နိုင်ငံသား ဖြစ်ခွင့်နှင့် ပတ်သက်၍ လုပ်ဆောင် ပေးနေသည်ကို တွေ့ရကြောင်း၊ ၎င်းလှေစီး ဒုက္ခသည် ကိစ္စသည် အားလုံး ပါဝင်မှ အဆင်ပြေမည် ဖြစ်ကာ မျက်လှည့်ပြသကဲ့သို့ တစ်ချက်တည်းလုပ်ဆောင်၍ မရကြောင်း၊ White Card ကိုင်ဆောင် ဘင်္ဂါလီများကို NLD သည် ရွေးကောက်ပွဲ ဥပဒေအရ ထုတ်ပယ်ပြီး ဖြစ်ကာ အထောက်အထား ရှိသူများ ကိုတော့ ယခင်ကတည်းက ပါတီဝင် အဖြစ် လက်ခံကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

 ““NLD ကို ဒီလို ပုတ်ခတ်မှုတွေက ၂၀၁၅ ရွေးကောက်ပွဲပြီးရင် ငြိမ်သွားလိမ့်မယ်။ အခု ဘင်္ဂါလီနဲ့ ပတ်သက်ပြီး ပြောတာ ဟတောင် မဟရဲဘူး။ Facebook  တွေမှာ လည်း အမှားတွေကို အမှန် ထင်ကြတယ်။ ခက်တယ်””ဟု NLD ပါတီ CEC အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က The Messenger Media ကိုပြောသည်။

 ဦးဉာဏ်ဝင်းမှ ဘင်္ဂါလီများကို နိုင်ငံသား အဖြစ် လက်ခံရမည်ဟု ပြောကြားချက်များ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ရာ ၎င်းကိစ္စသည် မဟုတ်မှန်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။ NLD ပါတီအား အပုပ်ချ စော်ကားမှုများကို အထောက်အထား ခိုင်လုံပါက ဥပဒေနှင့် အညီ အရေး ယူသွားမည်ဟု NLD က ပြောကြားထားသည်။

 လှေစီးဒုက္ခသည်များ ကိစ္စသည် အစိုးရ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

 NLD ပါတီသည် With Card ကိုင်ဆောင်သော ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ နှစ်သောင်းကျော်ကို ထုတ်ပယ်ခဲ့ပြီး ဖြစ်သည်။

တေဇာဘုန်းမြင့်

The Messenger Media
http://www.messengerdaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment