အူရီဒူး၏ အင်တာနက်အသုံးပြုခ ခြောက်ကျပ်နှုန်းလျှော့ချ

ဓါတ်ပုံ - Ooredoo Myanmar

ရန်ကုန် မေ ၂၆

အော်ပရေတာတစ်ခုဖြစ်သော အူရီဒူးအနေဖြင့် ၄င်း၏ အင်တာနက် ဝန်ဆောင်မှု အသုံးပြုခကို လက်ရှိဈေးနှုန်း ၁ မဂ္ဂါဘိုက်လျှင် ၁ဝ ကျပ်နှုန်းမှ ခြောက်ကျပ်နှုန်းသို့ မေ ၂၇ ရက်တွင် စတင်လျှော့ချလိုက်ကြောင်း သိရသည်။

အူရီဒူးအင်တာနက်ကို လက်ရှိသုံးစွဲ နေသူများအနေဖြင့် အစီအစဉ်အသစ် ကိုသုံးစွဲရန်အတွက် USSD ကုဒ်နံပါတ် *7777# ဟု ရိုက်ထည့်၍ စာရင်း သွင်းရန်လိုအပ်ပြီး အစီအစဉ်ကိုစာရင်း ပေးသွင်းရာတွင် မည်သည့်နှုန်းထားမှ ကောက်ခံမည်မဟုတ်ကြောင်းနှင့် စာရင်းသွင်းပြီးပါက စတင်အသုံးပြုနိုင် ကြောင်း အကြောင်းကြားသည့် မက်ဆေ့ကိုရရှိပြီးနောက် အသုံးပြုနိုင်ပြီဖြစ် ကြောင်း သိရသည်။

ဆင်းကတ်အသစ်ဝယ်ယူသုံးစွဲမည့်သူများအနေဖြင့်မူ မည်သည့်စာရင်း သွင်းမှုမှ လုပ်ရန်မလိုဘဲ တိုက်ရိုက်အသုံးပြုနိုင်မည် ဖြစ်သည်။

အူရီဒူး၏ လက်ရှိရောင်းချနေသည့် ကြိုတင်ဝယ်ယူရသောDaily, Monthly စသည့် အင်တာနက် ဏခေုေါန များကိုလည်း ဆက်လက်ရောင်းချ မည်ဖြစ်ကာ Package အသစ် ဝယ်ယူသူများအနေဖြင့်လည်း လက်ရှိပေးထား သည့် ပမာဏများထက် တစ်ဆပို၍ ရရှိမည်ဖြစ်ကြောင်း၊ Package များ အသုံးပြုနိုင်သည့်အချိန်ကာလမှာမူ ယခင်သတ်မှတ်ချက်အတိုင်းဖြစ်ကြောင်း သိရသည်။

အူရီဒူးအနေဖြင့် အင်တာနက်သုံးခနှုန်းထားများ လျှော့ချသည့်အပြင် 3G အင်တာနက်စနစ်ကိုလည်း စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ရာ အင်တာနက် ဝန်ဆောင်မှုအသစ်များကို 3G စနစ်ဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း မေ ၂၆ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အင်တာနက်ဈေးနှုန်းများ လျှော့ချလိုက်သည့်အတွက် လက်ရှိအချိန်တွင် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုပေးနေသော အော်ပရေတာသုံးခုအနက် အူရီဒူးနှင့် တယ်လီနောသည် ဈေးနှုန်းအတူတူဖြစ်လာသည်။

မြန်မာ့ဆက်သွယ်ရေး၏ အင်တာနက်သုံးခမှာမူ ဆွေသဟာ အစီအစဉ်ကို ယူပါက ၁ မဂ္ဂါဘိုက် လျှင် ခုနစ်ကျပ်ခွဲနှုန်းဖြစ်ကာ ဆွေသဟာအစီအစဉ်မယူဘဲ သုံးပါက ၁၅ ကျပ်နှုန်းနှင့် မိနစ်အလိုက်ကောက်ခံသည့်စနစ်ကိုသုံးပါက တစ်မိနစ်လျှင် နှစ်ကျပ်နှုန်းများဖြစ်သည်။

သူရဖြိုး
(မြန်မာ့အလင်း)
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment