တရုတ်သမ္မတ ၏ရုပ်ပုံကို အွန်လိုင်းပေါ်တွင် ရုပ်ပြောင်ကာတွန်း အဖြစ် ရေးဆွဲခဲ့သည့် ပန်းချီဆရာ တစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး


ပေကျင်း ၊ ၂၉-၅-၂၀၁၅

တရုတ် သမ္မတ ရှီကျင့်ဖျင် ၏ ရုပ်ပုံကို အွန်လိုင်း ပေါ်တွင် ရုပ်ပြောင် ကာတွန်းအဖြစ် ရေးဆွဲခဲ့သည့် ပန်းချီဆရာ တစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီး သွားခဲ့ကြောင်း ပန်းချီဆရာ ၏ ဇနီးသည် က ယမန်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

တိုင်ကျန်းယုံ အမည်ရှိ အဆိုပါ ပန်းချီဆရာ ကို ရဲတပ်ဖွဲ့က အနှောင့်အယှက် ဖန်တီးမှုဖြင့် မေ ၂၆ ရက်က ရှန်ဟိုင်းမြို့ ရှိ ၄င်း၏ နေအိမ်မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်ကျန်းယုံ သည် အွန်လိုင်းပေါ်ရှိ လူမှုကွန်ရက် များသို့ ရုပ်ပြောင် ဓာတ်ပုံများ တင်လေ့ရှိပြီး သမ္မတ ရှီကျင့်ဖျင် ၏ပုံကို နှုတ်ခမ်းမွေး တပ်၍ ရုပ်ပြောင် အဖြစ် တင်ပြီးနောက် ဖမ်းဆီး မှုကို ခံခဲ့ရခြင်း ဖြစ်သည်။ တရုတ် နိုင်ငံတွင် ပန်းချီဆရာ များသည် ယခင်က ဖမ်းဆီးခြင်း မခံရဘဲ ၄င်းတို့၏ ကာတွန်းရုပ်ပုံ များကို တင်ခွင့်ရှိ သော်လည်း တင်းကြပ်သည့် သမ္မတ ရှီကျင့်ဖျင် ၏ လက်ထက်တွင် ပန်းချီဆရာ များအတွက် နိုင်ငံရေး အရ အထိအခိုက် မခံသည့် ကဏ္ဍများ၌ ကန့်သတ်မှုများ ရှိလာခဲ့သည်။

တိုင်ကျန်းယုံ သည် ဇနီးဖြစ်သူ နှင့်အတူ ယခင် သမ္မတဟောင်း ဟူကျင်ထောင်း ၏ ရုပ်ပုံကိုလည်း ဖြတ်ညှပ်ကပ် လုပ်၍ ဖော်ပြ ခဲ့သော်လည်း အာဏာပိုင် များထံမှ သတိပေးခြင်း ကိုပင် မခံခဲ့ ရဖူးကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment