လက်ရှိ
ဂီတ လောကမှာ ၀င်ငွေအကောင်းဆုံး အဆိုတော် တစ်ယောက် အဖြစ် ရပ်တည်နေတဲ့
Taylor Swift တစ်ယောက် မကြာသေးမီကမှ ထွက်ရှိထားတဲ့ “Shake It Off” ဆိုတဲ့
သီချင်းနဲ့ပတ်သက်တဲ့ မူပိုင်ခွင့်အတွက် တရားစွဲဆိုခံလိုက်ရပါတယ်။
Jessie Braham ဆိုတဲ့ အဆိုတော်ကောင်လေး တစ်ယောက်က ပြောပြလာတာကတော့ သူ ၂၀၁၃ ခုနှစ်တုန်းက ရေးသားခဲ့တဲ့ “Haters Gone Hate” ဆိုတဲ့ သီချင်းထဲက စာသားတွေကို Taylor Swift က ယူသုံးသွားတယ်လို့ ဆိုပါတယ်။
Taylor Swift က ခိုးယူသုံးစွဲခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ Jessie Braham ရဲ့  သီချင်းစာသားကတော့ "Haters gone hater, playas gone play. Watch out for them fakers, they'll fake you everyday." ဆိုတဲ့ စာသားပါ။
ဒါ့ အပြင် Braham ရဲ့  သီချင်းစာသားကို Taylor Swift ဟာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ သူမရဲ့  သီချင်းတွေထဲမှာ အကြိမ် ၇၀ အထိ ယူသုံးထားတယ်လို့လည်း Braham က စွပ်စွဲပြန်ပါတယ်။ သူမရဲ့  သီချင်းတစ်ပုဒ်မှာဆိုရင်လည်း Chorus အပိုဒ် တစ်ခုလုံးဟာ သူ ရေးသားထားတဲ့ စာသားတွေဖြစ်တယ်လို့ ဆိုပြန်ပါတယ်။
အဆိုတော်နာမည်အဖြစ် Jessie Graham လို့ လူသိများတဲ့ Braham က Taylor Swift ထံကနေ လျော်ကြေးငွေ ဒေါ်လာ ၄၂ သန်းနဲ့ “Shake It Off” သီချင်းမှာ သူ့ရဲ့  နာမည် ရေးသားပေးဖို့ကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
Trend Myanmar

0 comments:
Post a Comment