ကျွန်မကနှင်းဆီပါမောင် ဝတ္ထုကို ဒုတိယ အကြိမ် ပြန်လည် ထွက်ရှိမယ်လို့ပြောတဲ့ စာရေးဆရာမ ပုညခင်




ဒါရိုက်တာ ဝိုင်း ရိုက်ကူးပြီး စာရေးဆရာမ ပုညခင် ရေးသားတဲ့ “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင် ကားကြီးက ရုံမတင်သေးခင် မှာဘဲ ဇာတ်ကား နာမည်က ပရိသတ်တွေ ကြားမှာ အလွန် ရေပန်းစားလျက်ရှိ ပါတယ်။ ဒီနာမည် နဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ လှိုက်လှဲစွာ အသိ အမှတ်ပြုမှုကို ကြည်နူးကျေနပ်မိ တယ်လို့ဆိုလာတဲ့ စာရေး ဆရာမ ပုညခင်က “အစ်မ စာအုပ်လေးစ ထွက်ပြီး သိပ်မကြာခင်ကတည်းက ဒီစကားလုံးလေး ကို ထည့်ပြောကြ တာကြားဖူးပေမယ့် ခုလောက်တော့ မပျံ့နှံ့သေးပါဘူး။ ရုပ်ရှင် ပရက်ရှိုး ပွဲအပြီးမှာ စပြီး ပျံ့နှံ့လာခဲ့တာပါ။ ထူးခြားတာ တစ်ခုက ပရိသတ်က ဒီ နာမည်ပေးခဲ့တဲ့ အစ်မကို Congratulation လုပ်လာကြတာ ပါ။ ဟိုအရင်ကဆို ရုပ်ရှင်က ဟော့ နေရင်တောင် စာရေးဆရာမကို ခု လိုလှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု တာမျိုး မရှိပါဘူး။ နောက်ပြီး ရုပ်ရှင်မှာမပါတဲ့ အစ်မရဲ့ ဝတ္ထုဇာတ် သိမ်းစာ သားလေးပါ ဖေ့စ်ဘုတ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ကျွန်မက နှင်းဆီပါမောင် ဆူးကို မကြောက်ပါနဲ့။ အချိန်မီ မောင် နမ်းရှိုက်ရဲဖို့ပဲ လိုပါတယ်ဆိုတဲ့ စာပိုဒ်လေးကို ပါ ဖြန့် ဝေ လာကြပါတယ်။ ပရိသတ်က ဒီ နာမည်ပေးခဲ့တဲ့ ဒီဇာတ်လမ်းလေး ရေးခဲ့တဲ့ အစ်မကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ကြတဲ့အတွက် အစ်မ ကြည်နူးကျေနပ် မိပါ တယ်။ ကျေးဇူးလည်း တင်ပါတယ်” လို့ ပြောပါတယ်။ မေလ ၁၉ ရက်နေ့က ဆရာမ ပုညခင် ရဲ့ မင်္ဂလာ သက်တမ်း ၆ နှစ်ပြည့် နေ့လေး ဖြစ်ပါတယ်။ ဒီနေ့လေး မှာပဲ ဖေ့စ်ဘုတ်ပေါ် မှာ ကျွန်မက …ပါမောင် status တွေ တအား ပျံ့နှံ့နေတာတွေတွေ့ရတဲ့ အတွက် အမျိုးသားနဲ့ အတူ status တွေဖတ် ပြီး ကြည်နူးပျော်ရွှင် ခဲ့ရကြောင်း ဆရာမ ပုညခင်က ဆိုပါတယ်။
“ဖေ့စ် ဘုတ်မှာ ကျွန်မက..ပါ မောင်တွေ တအား ပျံ့နှံ့နေတဲ့နေ့ဟာ အစ်မ တို့ရဲ့ မင်္ဂလာသက် ၆နှစ် ပြည့်နေ့ပါ။ အဲဒီနေ့မှာ အမှတ်တရပုံတွေ တင်ခါ နီး ဖေ့စ်ဘုတ် ဝင် လိုက်တော့ မောင် တွေ ပျံ့နှံ့နေတာတွေ့ပြီး status တွေကို အမျိုးသားနဲ့အတူ ဖတ်ရင်း ရယ်ကြရတာက တော့ အမှတ်တရပါ ပဲ”လို့ ပြောပါတယ်။
စာရေးဆရာမ ပုညခင်က ကျွန်မကနှင်းဆီပါမောင် ဝတ္ထုစာအုပ်ကို ဒုတိယ အကြိမ်ပြန် ထုတ်ဝေမှာ ဖြစ်ပါတယ်။ ဒီဒုတိယ အကြိမ် ထုတ်ဝေခြင်းကတော့ “ဒီဝတ္ထု ကို ငှားဖတ် ပြီး သူတွေက ဝယ်သိမ်း ချင်ကြတယ်။ တချို့ဆို အဟောင်းကို တောင် အသစ်ဈေးပေး ဝယ်ကြ တယ်။ နိုင်ငံခြားက လှမ်းမှာသူတွေ သမီးက ရှာဝယ်ခိုင်းလို့ လာ ဝယ်ပေး ရတဲ့ အမေတွေလည်း ရှိခဲ့ပါတယ်။ ဖတ်ဖူးသူရော၊ မဖတ်ဖူးသူရောလို ချင်ကြတာကြောင့်ရယ် ဖေ့စ်ဘုတ်မှာ ရေးနေကြတာလေးတွေက ပျော်စရာ အမှတ် တ ရလေးတွေ ဖြစ်ရတာ ကြောင့် status တချို့ကိုပါ ထည့် သွင်းပြီး ဒုတိယအကြိမ် ထုတ်ဖို့ ဆုံး ဖြတ်ရတာပါ။ သရုပ်ဆောင်တွေရဲ့ ဓာတ်ပုံကို မျက်နှာဖုံး အဖြစ် အသုံး ပြု မှာပါ။ စောင်ရေကတော့ ထုတ် နေကျစောင်ရေ ထက်လျှော့ပြီး အမှတ်တရ အနေနဲ့ စောင်ရေကန့် သတ်ထုတ်ဝေမှာပါ။ အဟောင်းတွေ ကို အသစ် ဈေးပေးပြီး ဝယ်နေ ကြရ တာမျိုး မဖြစ်စေချင်ဘဲ လှလှပပ စာအုပ်သစ်လေးကို သိမ်းကြတာမျိုး ပဲဖြစ်စေချင်လို့ပါ။ စာအုပ်ရှေ့ပိုင်း မှာ မောင်အမှတ် တရ status လေး တွေထဲ က ကောင်းနိုး ရာ ရာလေးတွေ ရွေးထည့်ထားပါတယ်။ အားလုံးကို ထည့်ချင်ပေမယ့် စာမျက်နှာ အခက်အခဲကြောင့် အနည်းငယ်သာ ရွေး ထည့်ရတာပါ။ မထည့်ဖြစ် တဲ့ status တွေကို Screen Shot ယူပြီး တန်ဖိုးထား သိမ်းဆည်းထားပါတယ်” လို့ ပြောပါတယ်။ ဒုတိယအကြိမ် ထုတ် ဝေမယ့် ကျွန်မကနှင်းဆီပါမောင် စာအုပ် က မေလကုန် မှာ ထွက်ရှိမှာ ဖြစ်ပြီး ဆရာမရဲ့ ကလောင်သက် ၁၅နှစ်ပြည့် အမှတ်တရ အဖြစ် ရေး သားထားတဲ့ ဝတ္ထုအသစ်လေးကို လည်း ဆက်လက် ထွက်ရှိသွားမယ် လို့ သိရပါတယ်။
ဇင်မာနွယ်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment