ပန်းချီဆွဲရတာ စိတ်ငြိမ်းချမ်းမှုရရှိတယ်ဆိုတဲ့ ယွန်းဝတီလွင်မိုး



ယွန်းဝတီလွင်မိုးဟာ ငယ်စဉ်ကတည်းက ပန်းချီဆွဲခြင်းကိုဝါသနာပါခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ပန်းချီကို ၅တန်း အရွယ်လောက် စပြီး စိတ်ဝင်စားခဲ့ပြီး မိခင်ဖြစ်သူနဲ့အတူ ပန်းချီသင်တန်း တွေတက် ရောက်ဖြစ်ခဲ့ပါသေးတယ်။ ယွန်းဝတီလွင်မိုးက ကျောင်းမှာလည်း ပန်းချီဆွဲဖြစ်ပြီး သူ့ပထမဆုံးစဆွဲဖြစ် ခဲ့တဲ့ပုံတူကတော့ မင်းသမီး တစ်ေ ယာက်ရဲ့ မျက်နှာပုံပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူကတော့ ပန်းချီဆွဲခြင်းနဲ့ပတ်သက်ပြီး အားလည်းအားပေးသလို အကြံဥာဏ်လည်း ပေးတယ်လို့ ယွန်းဝတီလွင်မိုး က ပြော ပါတယ်။ ယွန်းဝတီလွင် မိုးကမိဘတွေနဲ့အတူ ပန်းချီပြပွဲတွေလည်း လိုက်ကြည့်ဖြစ်ပြီး ပန်းချီဆရာတွေ ရေးဆွဲထားတဲ့ ပန်းချီတွေကိုကြည့်ပြီးလည်း တအားအား ကျခဲ့ရ တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဖခင်ဖြစ် သူရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုပန်းချီဆွဲဖို့စိတ်ကူးထားပြီး ပန်းချီ တွေကိုလည်း ဆက်ဆွဲသွားမှာဖြစ်ကာ ပန်းချီပြပွဲပြုလုပ်ဖို့ ကတော့ အချိန်တော်တော်ကြာဦး မယ်လို့ ပြောပါတယ်။ ယွန်းဝတီလွင်မိုး က သူဆွဲဖြစ်တဲ့ ပထမဆုံးပန်းချီကားနဲ့ ပတ်သက်ပြီး ” ဒီပုံကတော့ သမီးရဲ့ပထမဆုံးပုံပါ။ သမီး က profile  ပုံဆွဲချင်တာလေ။ ဒါနဲ့ပဲ အင်တာနက်မှာ မော်ဒယ်တွေရဲ့ profile  ပုံတွေအများ ကြီးရှာပြီး လိုက်ကြည့်တယ်။ ပြီးတော့ မှ သူတို့ပုံတွေ အကုန်လုံး ကို ရော စုပြီး တော့မှ ဆွဲလိုက်တာပါ။ သမီးက အကြည့်ကိုစူးစူးလေးဖြစ်နေအောင် ဆွဲချင်တာ။ တအားဆွဲဆောင်မှုရှိနေတာမျိုးပေါ့။ အခက်အခဲကတော့ မျက်နှာပိုင်းမှာ ပုံစံမကျ တာတွေဖြစ်တယ်။ အဲဒါ အမျိုးစုံထပ်ထပ်ပြင်တယ်။ တအားပြင်တာများရင်လည်း ပန်းချီကားပျက်တာမျိုးတွေလည်း ရှိတယ်။ ဒါကြောင့် အဲဒီအ ပိုင်းမှာ သေ ချာဆွဲခဲ့ ရတယ်” လို့ပြောပြပါတယ်။ ပန်းချီဆွဲရတာ စိတ်ငြိမ်း ချမ်းမှုလည်းရရှိသလို ပန်းချီဆွဲနေတဲ့အချိန်မှာ စိတ်ကိုတည်ငြိမ်အောင်လည်းထားရပြီး တခြားအနှောင့်အ ယှက်ရှိ ရင် ပုံက တစ်မျိုး ဖြစ်သွားနိုင်တယ်လို့ ယွန်းဝတီလွင်မိုးကပြောပါတယ်။
လင်းအက္ခရာ၊ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment