Richard Norris အမည်ရှိ ၃၉ နှစ်ရှိသူဟာ ၁၉၉၇ ခုနှစ်တုန်းက မျက်နှာမှာ မတော်တဆ သေနတ်ပစ်ခံခဲ့ရပြီးနောက် သူ့မျက်နှာဟာ တော်တော့်ကို ဆိုးဆိုးရွားရွားဖြစ်သွားခဲ့ပါတယ်။
နောက်ပိုင်းနှစ်များမှာ အဲဒီပျက်စီး ထိခိုက်မှုတချို့ကို ပြုပြင်ဖို့ ခွဲစိတ်ကုသမှုအကြိမ် ၃၀ ထက်မက ခံယူခဲ့ပေမယ့် တိုးတက်မှု သိပ်မတွေ့ခဲ့ရပါဘူး။
အဲ့ဒီနောက်ပိုင်း လွန်ခဲ့တဲ့ ၃ နှစ်အကြာမှာ အသက် ၂၁ နှစ်အရွယ် Joshua Aversano ဆိုသူဟာ ကားမတော်တဆမှုတစ်ခုမှာ သေဆုံးသွားခဲ့ပြီး အဲဒီဝမ်းနည်းစရာအဖြစ်အပျက်က Richard အတွက် မျှော်လင့်ချက်ဖြစ်လာခဲ့ပါတယ်။
ကိုယ်အင်္ဂါအစားထိုးခွဲစိတ်ကုသမှုကျေးဇူးကြောင့် Joshua မျက်နှာဟာ Richard မျက်နှာအနေအထားသို့ ကူးစက်ပြောင်းလဲသွားခဲ့ပါတယ်။
အဲဒီမျက်နှာမြင်တွေ့ကြီးပြင်းလာတဲ့ Joshua အစ်မ Rebekah မှ ဒါကို မြင်တွေ့တဲ့အချိန်မှာ အထူးအဆန်းတစ်ခုဖြစ်လို့ နေပါတယ်။
"Joshua မျက်နှာကို လှူလိုက်တာ လုပ်သင့်လုပ်ထိုက်တဲ့ အရာဖြစ်တယ်။ သူကနေတဆင့် ကျမတို့ သားလေးကို ကျမတို့ တကယ်မြင်တွေ့နိုင်တယ်" လို့ Rebekah ရဲ့ မိခင် Gwen က CTV သတင်းဌာနကို ပြောပြပါတယ်။
Ref: Metro
Source:trend.com.mm
0 comments:
Post a Comment