အဆက်ဟောင်း ရုရှားမော်ဒယ် အီရီနာရှိတ်က ဟောလိဝုဒ်မင်းသားချော ဘရက်ဒလေကူးပါးနဲ့ ချစ်သူတွေ ဖြစ်ပြီး အထိုင်ကျသွားပေမယ့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက ချစ်သူရွေးမယ်၊
ချစ်ဝဲလည် လုပ်လို့ ကောင်းတုန်း ရှိနေသေးတယ်။ ဒါပေမယ့် မီဒီယာတွေက ရော်နယ်ဒိုရဲ့ နှလုံးသားကို နောက်တစ်ကြိမ် သိမ်းပိုက်နိုင်တဲ့ မိန်းကလေးတစ်ယောက် ပေါ်ထွက်လာပြီလို့ ဖော်ပြခဲ့ပါတယ်။
သတင်းတွေရဲ့အဆိုအရ အဲဒီမိန်းကလေးက အီတလီမော်ဒယ်နဲ့ မင်းသမီး အယ်လီဆီရာတီဒက်စ်ချီဖြစ်ပြီး သူမ ဟာ ရီးရဲလ်နဲ့ ဂျူဗင်တပ်တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို စပိန်နိုင်ငံအထိ
လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရ ပါတယ်။ ခန္ဓာကိုယ်အချိုးအစား လှပပြေပျစ်လွန်းတဲ့ မင်းသမီး အယ်လီဆီရာဟာ မကြာသေးခင်က အမေရိကန် နိုင်ငံ၊ဖလော်ရီဒါက ကမ်းခြေတစ်ခုမှာ
သူငယ်ချင်းတွေနဲ့အတူ အေးအေးလူလူ အပန်းဖြေရင်း ရှုမငြီးတဲ့ သူမရဲ့ အလှတရားကို လှစ်ဟပြသခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဂီတာဖေးနဲ့ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါနောက်ဆုံးပွဲ စဉ်မှာ
ရီးရဲလ်အတွက် ဟတ်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာမို့ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၆၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဖလားတစ်လုံးမှ မရခဲ့ပေမယ့် ဂိုးတွေ တဒိုင်းဒိုင်း သွင်းပြခဲ့တဲ့
ရော်နယ်ဒိုဟာ ရာသီကုန်အနားယူတဲ့အချိန်မှာလည်း အချစ်ရေးအတွက် ထပ်ပြီးခြေစွမ်းပြပြီး ဂိုးသွင်းနိုင်ဦးမလား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref - Dailymail
Source:planet.com.mm
0 comments:
Post a Comment