မော်ဒယ်လောကမှာ အကောင်းဆုံးနဲ့ အတော်ဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ သန္တာဗို


သန္တာဗိုက “နားလည်ပေးပါကို” တေးစီးရီး ထွက်ရှိထားပြီး ဗီစီဒီထွက်ဖို့ စီစဉ်နေပါတယ်။ ဗီစီဒီထွက်လာတဲ့အခါမှာလည်း ပရိသတ်တွေ စိတ်ဝင်စားအောင်၊ အားပေးမှုရအောင်အကောင်းဆုံးကြိုးစားစီစဉ်ဖြစ်နေတယ်လို့ သန္တာဗိုကဆိုပါတယ်။
” ညီမပထမဆုံးထုတ်ဖြစ်တဲ့ စီးရီးကို ပရိသတ်တွေ သိရှိမှုအားနည်း နေပါတယ်။ အဲဒီအတွက် ညီမသီချင်းတွေကို ပရိသတ်တွေပိုပြီးသိရှိလာအောင် သီချင်းတွေရဲ့ရသကိုခံစားနိုင် ရအောင် ဗီစီဒီထွက်ဖို့ ကြိုးစားနေပါတယ်။ အခွေက ပြီးပါတော့မယ်။ သီချင်းသုံးပုဒ်စာပဲ ကျန်ပါတော့တယ်။ အရင်စီးရီးက သီချင်းတွေအပြင် နောက်ထပ် နှစ်ပုဒ်လောက်ထပ်ထည့်ဖို့ ပြင်ထားပါတယ်။ အားလုံးပေါင်း ၁၄ ပုဒ်ရှိမှာပါ။ သီချင်းတွေက အေးလည်းအေးတယ်။ ပြီးတော့ Pop နဲ့ R&B ပုံစံတွေဖြစ်နေတော့ဗီစီဒီမှာပရိသတ်အကောင်း ဆုံးခံစားလို့ရအောင် ပုံစံအမျိုးမျိုးနဲ့ ရိုက်ကူးထားပါတယ်။ ဒီဗီစီဒီထွက်ဖို့ကို မနှစ်ကတည်းက ပြောလာတာပေါ့နော်။ ဗီစီဒီက တအားခေတ်ကောင်းလာတော့ ကိုယ်စီစဉ်တဲ့ဟာ ပိုကောင်းအောင် ရိုက်ရတယ်။ သီချင်းတစ်ပုဒ်ကို တစ်ရက်နဲ့မပြီးဘဲ နှစ်ရက်လောက် ရိုက်ရတာလည်း ရှိနေတော့ အချိန်က ပိုကြာသွားခဲ့တာပါ။ ညီမကို ဒီအခွေအမြန်ထွက်ဖို့ ဖေ့စ်ဘုတ်ကနေ မက်ဆေ့ခ်ျပို့ပြီး ဗီစီဒီကို မျှော် နေတယ်လို့ ပြောကြ၊ မေးကြတဲ့ ပရိသတ်တွေ လည်းရှိနေတော့ ညီမဒီအခွေလေးကို အမြန် ဆုံး ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ စီဒီမှာ မသိသေးတဲ့ ပရိသတ်တွေရော၊ သိထား ပြီးဖြစ်တဲ့ ပရိသတ်တွေအားလုံး ညီမဗီစီဒီ လေးထွက်လာရင်တော့ အားပေးကြပါ” လို့ ပြောပါတယ်။
သန္တာဗိုက အနုပညာပိုးရှိသူဖြစ်ပေမယ့် အဆိုနဲ့ မော်ဒယ်ပိုင်းကိုသာ ပိုအားသန်တာ ဖြစ်ပြီး အစ်မဖြစ်သူ ချောရတနာက ည်း မော်ဒယ်ပိုင်းကိုသာ ပိုအားပေးကြောင်း ပြောပါတယ်။ ” ညီမ အခုဇာတ်ကားတွေလည်း ရိုက်နေပါတယ်။ အဲဒီသရုပ်ဆောင်ပိုင်းမှာ တော့ကိုယ့်ကိုယ်ကိုယ်အားမရပါဘူး။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးသင်ယူစရာပညာတွေ တစ်ပုံကြီးရှိတယ်။ သရုပ်ဆောင်အလုပ်က တအားခက်ခဲတယ်လို့ ညီမထင်တယ်။ ညီမဝါသနာအပါဆုံးက မော်ဒယ်အလုပ်နဲ့ အဆိုပိုင်းပါ။ တအား ဝါသနာပါတယ်။ နောက်ပိုင်း မှာ မော်ဒယ်အလုပ်ကိုပိုလုပ်ဖြစ်လာ မယ်ထင်တယ်။ ခုခေတ်က ရှိုးပွဲတွေလည်း ခေတ်စားလာ ပြီဆိုတော့ ညီမတို့ မော်ဒယ်တွေအတွက် အခွင့်အရေးတွေ ပို့ရလာပါတယ်။ အစ်မကလည်း မော်ဒယ်ဘက်ကို ပိုအားပေးတယ်။ မော်ဒယ်တစ်ယောက်အနေနဲ့က ကိုယ့်အလုပ်ပေါ် လေးလေးစားစားနဲ့ စိတ်ထားကောင်းကောင်း နေနိုင်ရမယ်။ ကြည့်တဲ့သူတိုင်းကို ဆွဲဆောင်မှုရှိအောင် ကိုယ့်ဘက်က လေ့ကျင့်ဖို့တော့ လိုတာပေါ့နော်။ ခုဆို Fashion Show ပွဲ၊ ဒီဇိုင်နာရှိုး ပွဲ၊ Jewellery ရှိုးပွဲတွေ ပိုများများလာတော့ ညီမတို့အတွက် ပိုပြီးအခွင့်အရေး များလာတယ်။ မော်ဒယ်အလုပ်ကိုပဲ ညီမပိုလုပ်ဖြစ်မှာပါ။ Miss ကိုတော့ လှည့်ဖြစ်မယ်မထင်ပါဘူး။ ညီမပြောနေကျ စကားအတိုင်းပါပဲ။ ဘီကနီမဝတ်ရဲတာရယ်၊ Miss တစ်ယောက်မှာရှိသင့် ရှိထိုက်တဲ့ Knowledg တို့ ဘာသာစကားတို့ အားလုံးကျွမ်းကျင်ပိုင်နိုင်ဖို့ ညီမကြိုး စားရဦးမှာပါ။ ညီမမှာ Miss တစ် ယောက်ရှိသင့်တဲ့ပညာတွေ မပြည့်စုံသေးတာကြောင့် Miss လောကထဲကို ဝင်ဖြစ်မှာ မဟုတ်သေးတဲ့အတွက် မော်ဒယ်လောကထဲမှာပဲ အကောင်းဆုံးနဲ့ အတော်ဆုံးသူဖြစ်အောင် ကြိုးစားသွားဖို့ စိတ်ကူးရှိပါတယ်” လို့ ပြောပါတယ်။
ဇင်မာနွယ်၊ ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment