ကျောင်းသားများကို လက်ထိတ်ခတ်ရုံးထုတ်မှု ရဲလက်စွဲကျမ်းနှင့် မကိုက်ညီဟုဆို


ကျောင်းသားတွေကို လက်နှစ်ဖက်လုံး လက်ထိတ်ခတ်ပြီး တရားရုံးထုတ်လာတဲ့ ပုံစံဟာ ရဲလက်စွဲကျမ်းနဲ့ မကိုက်ညီဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ညီမျှခြင်း (မြန်မာ) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဒီဗွီဘီကိုပြောပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဖမ်ဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေ ၂၆ ရက်နေ့က တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ဖမ်းဆီးခံထားရတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့ ဝန်းရံသူတွေဟာ ထွက်ပြေးမယ့်သူတွေ မဟုတ်သလို ခုခံဖို့အစီအစဉ်မရှိတဲ့ ကမ္ဘာကျော်ကျောင်းသား တွေဖြစ်တာကြောင့် သူတို့ရဲ့ဂုဏ်သိက္ခာကို ငဲ့ညာသင့်တယ်လို့ ပြောပါတယ်။

အဲဒီလို လက်နှစ်ဖက်လုံးကို လက်ထိတ်ခတ်ပြီး ခေါ်ဆောင်လာတာဟာ လိုအပ်တာထက်ပိုပြီး အရေးယူရာ ရောက်နေတယ်လို့ ဆိုပါတယ်။


လက်နှစ်ဖက်ကို လက်ထိတ်ခတ်တာက အင်မတန်ဆိုးသွမ်းတဲ့ လူသတ်မှု၊ မုဒိန်းမှုတို့လိုမျိုး ဆိုးသွမ်းကြမ်းတမ်းတဲ့ တရားခံမျိုးကိုပဲ လုပ်လေ့ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားတွေနဲ့ဝန်းရံသူတွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment