လေယာဉ်မယ်ဆိုတာ တင့်တယ်လှပပြီး မော်ဒယ်ပြဖို့ သက်သက် မဟုတ်ပါဘူး။ Sichuan ပြည်နယ် Chengdu က ဒီအသက်မွေးဝမ်းသင်တန်းကျောင်းက လေယာဉ်မယ်လောင်းတွေဟာ ပြင်းထန်တဲ့ လေ့ကျင့်မှု သင်ယူရပြီး တစ်ဦးချင်း တိုက်ခိုက်မှုစွမ်းရည်အပြင် ခရီးသည်တွေကို ထိန်းချုပ်တဲ့ နည်းစနစ်တွေပါ လေ့လာရပါတယ်။
Chengdu East Star Airlines Travel College ဟာ ရွေးချယ်ထားတဲ့ လေယာဉ်လုံခြုံရေး အရာရှိတွေကို ရိုရိုသေသေ၊ ဣနြေ္ဒရှိရှိ အစားအသောက်တည်ခင်းဧည့်ခံခြင်း၊ အံဖတ်ထုတ်များ သိမ်းယူခြင်း တိုက်ရည်ခိုက်ရည်၊ ဘေးအန္တရာယ်မှ လွတ်မြောက်ခြင်းနဲ့ စစ်မက်ရေးရာ ကျွမ်းကျင်မှုတွေ ကောင်းစွာတတ်မြောက်အောင် သင်ကြားပေးနေတဲ့ ကျောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
လေ့ကျင့်မှုကာလအတွင်း Iron Women လို့ခေါ်တဲ့ သံမဏိအမျိုးသမီးတွေ ဗွက်ရေထဲ တွားသွားတာ၊ သောင်းကျန်းသူခရီးသည်များ ထိန်းချုပ်နည်းတွေ သင်ယူတာ နောက်ပြီး လက်ချည်းပဲ ပန်းကန်တွေရိုက်ခွဲရတာတွေ လုပ်ရပါတယ်။
လေယာဉ်ခရီးစဉ်အတွင်း အရေးပေါ် တစ်ခုခုဖြစ်ပါက လုံခြုံရေးအရာရှိတွေကို အကြောင်းကြားပြီး ပြသနာကို ချက်ချင်းဖြေရှင်းရပါတယ်။ ဒါ့ကြောင့် ချက်ချင်းတုံ့ပြန်တတ်အောင် လေ့ကျင့်ခြင်းနဲ့ အကြမ်းဖက်မှုကို ခုခံ ကာကွယ်နိုင်စွမ်းက မရှိမဖြစ်လိုအပ်ကြောင်း ယင်းကောလိပ်မှ ကျောင်းအုပ်ကြီးဖြစ်သူ Gu Yingzhi က ပြောဆိုခဲ့ပါတယ်။






Ref: Shanghaiist
Source:trend.com.mm
0 comments:
Post a Comment