ဆံပင်ကြီးထွားခြင်းအတွက် ငှက်ပျောသီးက ကောင်းမွန်ပြီး ခြောက်သွေ့အဆီပြန်တဲ့ ဆံကေသာ အတွက်ပါ အသုံးဝင်တယ်။ ငှက်ပျောသီးမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်နဲ့ အခြားသော အာဟာရတွေ ပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း ဆံပင်ကျန်းမာသန်စွမ်းဖို့အတွက် အထူးကောင်းမွန်ပါတယ်။
လိုအပ်သော အရာများ
- ငှက်ပျောသီး (၁) လုံး
- (almond oil) မက်မွန်ဆီ (၃) စက်
နည်းလမ်းများ
ငှက်ပျောသီးကို ပျော့ဖတ်အောင် ကြိတ်ခြေပြီးနောက် မက်မွန်ဆီ ရောထည့်ပါ။ ယင်းပစ္စည်းနှစ်ခု တစ်သားတည်းဖြစ်အောင် မွှေစက်တစ်ခုထဲ ရောသမမွှေပေးပါ။ ရလာတဲ့အရာနဲ့ ဆံပင်နဲ့ ဦးရေကို လိမ်းပြီး ခေါင်းကို ပဝါနဲ့ စည်းပတ်ပေးပါ။ နာရီဝက်ခန့်ကြပြီးနောက် ပုံမှန်အတိုင်းပဲ ခေါင်းလျှော်ပါ။ သင့်ဆံကေသာ နူးညံ့ချောမွတ်လာမှာဖြစ်တယ်။ ဒီနည်းက ဆံပင်အမျိုးစားအားလုံးအတွက် ကောင်းမွန်ပါတယ်။
Ref:healthyfoodstar
Source:trend.com.mm
0 comments:
Post a Comment