တင်းပါးအသားပေး ဖက်ရှင်တွေနဲ့ အပြိုင်အဆိုင်ပွဲတက်ခဲ့ကြသူများ


ဒီနှစ်အတွက် ကျင်းပပြုလုပ်ခဲ့တဲ့ Met Gala ပွဲတက်ရောက်လာခဲ့ကြသူတွေထဲမှာ သူတို့ရဲ့ဖက်ရှင်ကြောင့် ပရိသတ်တွေကြား ရေပန်းစားသွားသူတွေ ရှိနေပါတယ်။ သူတို့တွေကတော့ Jennifer Lopez၊ Kim Kardashian နဲ့ Beyonce တို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ တင်ပါး အသားပေး ဖက်ရှင်၊ တစ်ကိုယ်လုံးကို ဘာမှဝတ်မထားသလောက် ထွင်းဖောက်မြင်နေရတဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့် သူတို့သုံးယောက်ဟာ တက်ရောက်လာတဲ့ အနုပညာရှင်တွေကြားထဲမှာ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာပါ။
သူတို့သုံးယောက်ထက်စောပြီး ခုလို ဖက်ရှင်မျိုးကို Gwyneth Paltrow က၂၀၁၃ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ Iron Man 3 အထူးပြသတဲ့ပွဲမှာ ၀တ်ဆင်ခဲ့ပါသေးတယ်။
ပို့စ်မျိုးစုံပေးပြီး ဓာတ်ပုံအရိုက်ခံခဲ့တဲ့ Beyonce ဟာ သူမရဲ့ ၀တ်စုံက ဟော့လွန်းနေပေမယ့် သူမရဲ့ ကျော့ရှင်းလှပလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကိုတော့ အတိအကျကို ပြသသွားခဲ့ပါတယ်။
Peter Dundas ရဲ့ ၀တ်စုံနဲ့ ပွဲတက်လာတဲ့ Kim Kardashian ရဲ့ ဖက်ရှင်ကလည်း သူမရဲ့ဘေးတိုက်အလှကို ပိုထင်ပေါ်စေခဲ့ပါတယ်။
Jennifer Lopez ရဲ့ ဖက်ရှင်ကတော့ Gwyneth Paltrow ရဲ့ ဖက်ရှင်ကို အနည်းငယ်အဆန်းထွင်လိုက်တယ်ဆိုပေမယ့် အားလုံးကို ဆွဲဆောင်နိုင်လိုက်တာဟာ သူမရဲ့အရှင်းသား မြင်ရတဲ့ တင်ပါးကြောင့် ဖြစ်ပါလိမ့်မယ်။
Ref:cosmopolitan
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment