မိတ်ကပ်တွေကို တစ်ရှူးအစိုဖြင့် သုတ်သင်ဖယ်ရှားလိုက်တာ အဆင်ပြေနိုင်ပေမယ့် ၄င်းရဲ့နောက်ကွယ်မှာ အနုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက် များစွာရှိပါတယ်။ မိမိအသားရေမျိုးနဲ့ ကိုက်ညီမယ့် အလှကုန်ပစ္စည်း လိုက်ရှာဖို့ အခက်ခဲဆုံးဖြစ်ပါတယ်။ အကျိုးဖြစ်စေတာထက် ဆိုးကျိုးက ပိုများတာကြောင့် သင့်တော်ကောင်းမွန်တဲ့ မိတ်ကပ်ဖျက် ပစ္စည်းရှာဖို့ အချိန်ကြာကောင်း ကြာနိုင်ပါတယ်။ ဒီအချက်ကနေ ဘာသိရသလဲဆိုတော့ အမျိုးသမီးအများစု မိတ်ကပ် လိမ်းပြီးရင် အသားရေကို ဂရုမစိုက်ကြဘူး ဆိုတာပါပဲ။
တစ်ရှူးအစိုသုံးပြီး မျက်နှာကို အနည်းငယ်သုတ်ပြီးရင် အားလုံးပြီးသွားပြီလို့ ယူဆကြတယ်။ သို့သော် ဝက်ခြံ၊ အစက်အပြောက်တွေနဲ့ အရစ်အကြောင်းတွေ မျက်နှာပေါ်ဖြစ်စေတာကော သင်သိပါသလား။
တစ်ရှူးက အရေပြားပေါ် ကပ်နေတဲ့ အညစ်အကြေးများနဲ့ မိတ်ကပ်တွေ အပြည့်အဝ တိုက်ချွတ်ဖယ်ရှား မပေးဘဲ တစ်နေ့လုံး မျက်နှာပေါ်စုမိတဲ့ အညစ်အကြေးတွေ ပြန့်ကျဲစေပါတယ်။ အဲ့ဒီအပြင် စိုစွတ်နေတဲ့ တစ်ရှူးထဲစိမ့်ဝင်တဲ့အရည်ထဲ မိမိအသားရေနဲ့ ကိုက်ညီမှုမရှိတဲ့အရာတွေ ပါဝင်နိုင်တယ်။
မျက်တောင်ခြယ်ဆေးနဲ့ မျက်လုံးအရောင်ခြယ်ဆေးတွေက မျက်လုံးတစ်ဝိုက် အရစ်အကြောင်း သေးသေးလေးတွေ ဖြစ်စေနိုင်တာကြောင့် ဖယ်ရှားတဲ့အခါ ပြသနာတွေဖြစ်လာပါတယ်။ မျက်လုံးတစ်ဝိုက် ရောင်ရမ်းတာ၊ အရေပြား အောက်ကဖြစ်တဲ့ ဝက်ခြံတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
အဲဒီလိုမဖြစ်အောင် စိမ့်ဝင်နေတဲ့ အရည်ကို စုပ်ယူပစ်နိုင်တဲ့ တစ်ရှူးကို မျက်နှာမှာ မိနစ် အနည်းငယ်ကြာ ထားပေးတာဟာ အကောင်းဆုံးဖြစ်ပါတယ်။
Ref:naturalhealthcareforyou
Source:trend.com.mm
0 comments:
Post a Comment