ချစ်တင်းနှောနေစဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ယိုစိမ့်လို့ သေဆုံးသွားခဲ့ရတဲ့ ချစ်သူစုံတွဲ


ချစ်သူစုံတွဲနှစ်ဦး ကားထဲ ချစ်တင်းနှောနေစဉ်အတွင်း အိပ်ဇောပိုက်အခိုးအငွေ့တွေကြောင့် အသက်ရှုကျပ်ပြီး သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ပြောဆိုခဲ့ပါတယ်။
Violet Iles ၂၅ နှစ် နဲ့ David Long အသက် ၃၁ နှစ်တို့ဟာ ည အပူချိန် ၄ ဒီဂရီ ဆဲလ်စီယပ် ထိကျဆင်းသွားခဲ့တာကြောင့် မှန်တံခါးတွေ အကုန်ပိတ်ကာ အနည်းဆုံး ၁နာရီခွဲကြာ ကားစက်မောင်းပြီး ထားခဲ့ကြပါတယ်။ ကားမီးခိုး ပိုက်သံချေးတက်ပြီး ကာဗွန်မွန်အောက်ဆိုဒ် ယိုစိမ့်ထွက်ခဲ့တယ်လို့ ရဲကဆိုပါတယ်။
၎င်းစုံတွဲနှစ်ဦးကို David အစ်ကို Kevin မှ သူ ကလေးတွေ ကျောင်းဘတ်စ်ကားဆီ လမ်းလျှောက်လိုက်ပို့တဲ့အချိန် နောက်နေ့ မနက် ၆ နာရီ မိနစ် ၄၀ အချိန်မှာ သေလျက်တွေ့ရှိတာဖြစ်ပါတယ်။
၎င်းစုံတွဲနှစ်ယောက် ချစ်တင်းနှောခဲ့တယ်ဆိုတာ ရဲတွေ သံသယရှိပေမယ့် ခဏတဖြုတ် အနားယူအိပ်စက်လို့ရအောင် လမ်းဘေး ကားထိုးရပ်ခြင်းသာဖြစ်နိုင်တယ်လို့ နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
သူတို့ခန္ဓာကိုယ်ထဲ အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါး ရှိမရှိ စစ်ဆေးမှုအဖြေကို ရဲတွေ စောင့်နေပါတယ်။
စက်ဖွင့်ရက် ကားထဲ ထိုင်နေတာ အန္တရာယ်ရှိကြောင်း စီရင်စုအရာရှိ Josh Neale က သတိပေးခဲ့ပါတယ်။ ကားထဲ အချိန်ကြာကြာနေမယ်ဆိုရင် အရောင်အသွေး အနံ့အသက်မရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့  မွှန်ထူမသွားစေဖို့ မှန်တံခါးတွေကို ဖွင့်ထားသင့်ကြောင့်လည်း ပြောဆိုခဲ့ပါတယ်။ 
Ref: Mirror
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment